ဂျပန်ဆူရှီ အကြောင်း သိသလောက် နည်းနည်း ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးစိမ်း
  2. အသားစိမ်း
  3. ကြက်ဥ
  4. ရေညှိ (Nori)
  5. သခွါးသီး
  6. ထာပတ်သီး
  7. ထမင်း
  8. ဗီနီဂါ

ပြုလုပ်နည်း

ဂျပန်ဆူရှီ ကို ပုံစံသုံးမျိုးနဲ့ လုပ်လို့ရပါတယ်။

  1. ထမင်းကို လေးထောင့် အတုံးလေး ဖြစ်အောင် လုပ်ပြီး အပေါ်ကနေ ဆာရှီမိ (Sashimi) လို့ခေါ်တဲ့ အသားစိမ်း ဖြစ်ဖြစ် ငါးစိမ်းဖြစ်ဖြစ် ကြက်ဥကြော်ပဲ ဖြစ်ဖြစ် တင်ထားတဲ့ ဆူရှီကို တော့ အိုနိဂိရိ ဆူရှီ (Onigiri Sushi or Onigirizushi) လို့ခေါ်ပါတယ် ။  အပေါ်မှာ တင်ထားတာပေါ် မူတည်ပြီး နာမည် အမျိုးမျိုး ဖြစ်သွားပါတယ် ။
  2. ထမင်းကို ရေညှိပေါ်မှာဖြန့် အစာပလာတွေတင် ပြီးရင် ထမင်းကို အပြင်ကနေပဲဖြစ်ဖြစ် ရေညှိကို အပြင်ကနေပဲဖြစ်ဖြစ် ပြန်လိပ်ထားပြီး ဓားနဲ့ အပိုင်းလေး တွေဖြစ် အောင် လှီးထားတဲ့ ဆူရှီကိုတော့ မာ့ကိ ဆူရှီ (Maki Sushi or Makizushi) လို့ခေါ်ပါတယ် ။ ကိုရီးယားလို ဆိုရင်တော့ ဂင်မ်ဘတ် (ထမင်းလိတ်) ပေါ့ ။   ကိုရီးယား ထမင်းလိတ်နဲ့ ကတော့ အနည်းငယ် ကွဲပါတယ် ။   ဘာလို့လဲဆိုတော့ ဂျပန်ဆူရှီက ထမင်းမှာ ဗီနီဂါ သုံးလို့ပါပဲ ။   ကိုရီးယား ထမင်းလိပ် ကတော့ ထမင်းကို ဗီနီဂါမသုံးပဲ ပါဝင်တဲ့ အဆာပလာထဲမှာ မုန်လာဥဖြူ အချဉ်ထည့်တာတို့ ဒါမှမဟုတ် ဂင်မ်ချီထည့် တာတို့ အဲဒီလိုမျိုး ကွဲပြားပါတယ် ။
  3. နောက် တစ်မျိုး ကတော့ ရေညှိတစ်ချက်ကို အလယ်ကနေ ပိုင်းပြီးရင် ပိုင်းပြီးသား တစ်ရွက်ကို အလယ်ကနေ ထပ်ပိုင်းပြီး ရေညှိ တစ်ချက်ကို ပုံစံတူ အရွက်သေးလေး ရွက်ရအောင် လုပ်ပြီး ထမင်းကို တင်ပြီးရင် အဆာပလာကို ထည့်ပြီး ကတော့ ပုံစံမျိုး ပြန်လိပ်ပေးတာ ကိုတော့ တဲမကိ (Temaki) ဆူရှီလို့ ခေါ်ပါတယ် ။

ဆူရှီပုံစံ ကတော့ ဒီပုံစံ သုံးမျိုးပါဘဲ ။   ပါဝင်တဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီး နာမည်အမျိုးမျိုး ကွဲပြား သွားပါတယ် ။  အမျိုးပေါင်း တစ်ရာကျော်ရှိပါတယ် ။  ပါဝင်တဲ့ပစ္စည်းပေါ် မူတည်ပြီး Japanese Style နဲ့ Western Style ဆိုပြီး ကွဲပြား သွားပါတယ် ။   ဗဟုသုတ အနေနဲ့ တင်ပြခြင်း ဖြစ်ပါတယ် ။

Credit: ဆန်ဂို့ဟင်းလျာများ-Sango’s Curries