ထမင်းစားပြီ ဆိုလျှင် ချဉ် ၊ ငန် ၊ စပ်ပါမှ ထမင်းစားလို့ ကောင်းတယ် ဆိုတဲ့ မိတ်ဆွေတွေ အတွက်
ပါဝင်ပစ္စည်းများ
- ဂွေးသီး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရုတ်သီးခွဲခြမ်း
- ငရုတ်သီးအတောင့်ရှည်
- ပုစွန်ခြောက်မှုန့်
- ငံပြာရည်အချို
- ဆား
- ငပိစ်မ်းစား
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ဂွေးသီး နုနုတွေကို အလုံးလိုက် ရေဆေး ထက်ခြမ်းခြမ်းပြီး ကန့်လန့်ပါးပါး ပြန်လှီးပါ ။
- ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီထောင်းပြီး ဆီသတ်ပါ ။ ကြက်သွန်မနွမ်းခင် ငရုတ်သီးခွဲခြမ်းဖြစ်စေ ၊ ငရုတ်သီး လေးစိတ်ကွဲ ထောင်းထားတာဖြစ်စေ ထည့်ပါ ။ ငရုတ်သီးအတောင့်ရှည်ဆိုရင် စပ်စပ်လေးရပါတယ် ။ ငရုတ်သီး စိမ်းနံ့ ပျောက်ရင် ပုစွန်ခြောက်မှုန့် ထည့်ပါ ။ ပုစွန်ခြောက်မှုန့် မွှေးလာမှ ဂွေးသီးလှီးထားတာထည့်ပါ ။ ငံပြာရည်အချို နဲ့ ဆားနည်းနည်းလေး ထည့်ပြီး မွှေပါ ။ ဂွေးသီးမနူးခင် ငပိစိမ်းစားကို ရေဖျော်ထည့်ပါ ။ ငပိစိမ်းစားအရည်ခမ်းပြီး ဆီပြန်ရင် ဂွေးသီးလည်းနူးပါပြီ ။ စိုစိုလေးစားချင်ရင် သိပ်ဆီမပြန်ခင် ချပါ။ ခြောက်ခြောက်စားချင်ရင်တော့ ကြာကြာထားပါ ။ ထမင်းစားမြိန်စေမည့် ဟင်းတစ်ခွက် ရပါပြီး ။
Credit: အထွေးအထွေးဗဟုသုတ – Myanmar