အလုပ်တော့ရှုပ်သလိုပုံစံမျိုး ဖြစ်ပေမယ့် စားပွဲဝိုင်းမှာ မြင်နေ စားနေ ကြ မဟုတ်တဲ့ တမျိုးလေး ထူးတဲ့ ဒီဟင်း လေး ကို ညစာ အဖြစ် ဒီလိုလေး ပြောင်းချက်ကြည့်လိုက်နော်..

ပါဝင်ပစ္စည်းများ

(အားလူးအတွက်)

အားလူးအလုံးသေး               ၁၆ လုံး (အခွန်နဲ့ ရေဆင်အောင်ဆေးထားပါ)

ထောပတ်အရည်                 စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း                      ၂ တောင့် (အစေ့ထုပ်ပြီး ရှည်ရှည် အမျှင် သေးလေးတွေလှီးပါ)

သံပုရာရည်                        စားပွဲဇွန်း ၁ ဇွန်း ခွဲ

သံပုရာ အခွန်                     လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ အိုး ထဲသို့ ရေ နှင့် ဆား ထည့်ပြီး ဆူအောင်တည်ပါ။

၂။ ရေ ဆူလျှင် အားလူးလုံးများ ကို ရောပါ။ ရေဆူ တဲ့အထိတည်ပါ။

၃။ ပြီးလျှင် မီးလျှော့ပြီး ၁၂ -၁၅ မိနစ်လောက် တည်ပါ။

၄။ ရေသွန် ပြီး ရေစင်အောင်စစ်ပါ။

၅။ ငရုတ်သီးစိမ်း ကို ထောပတ် အရည်ဖြင့် ကြော်ပါ စက္ကန့် ၃၀ လောက်ပါ။ နောက် သံပုရာခွန် နှင့် သံပုရာ အရည် ရောတည်ပါ။

၆။ အားလူးအခွန်ခွာ ပြီး သားများ ထဲ့ပြီး ကြော် ပါ ၁ မိနစ် -၂ မိနစ်လောက်။ စားခန်းနီးမှ ထပ်နွေးပါ။

( Asian Flavour Fish with Chili-Lime Potato

(နံနံပင်ဆော့)လုပ်နည်း

နံနံပင်                              လက်တဆုပ် (အပင်လိုက် ရေစင်အောင် ဆေးထားပါ)

ပြောင်းဖူးကော်ရည်မှုန့်                   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောပတ်ရည်                     စားပွဲဇွန်း ၂ ဇွန်း

သကြားအညို                      အနည်းငယ် (သကြားအဖြူလဲ သုံးလို့ရပါတယ်)

ပါဝင်ပစ္စည်း

၁။ နံနံပင် အမြစ်ပါ ရေ အနည်းငယ် ထည့်ပြီး ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

၂။ ရလာသော နံနံပင်အရည် ကို အဝတ်ပါးဖြင့် စစ်ပါ။

၃။ ဆော့ အိုးအသေးထဲ သို့ ထောပတ် သကြား နှင့် ကော်ရည် မှုန့် တို့ကြိုပါ။ မွှေပေးပါ ကော်မှုန့်ပျော်တဲ့အထိ။

၄။ စစ်ထား သော နံနံ ပင် အရည်ကို ရောပြီး ဆူလာတဲ့ အထိတည်ပေး ပါ။ အသင့် စားသုံးလို့ရပါပြီး။

(ငါး အတွက် နယ်နှပ်ရန်)

ငဂျင်းငါး                            ၄ ပြား (အရိုးထုပ်ပြီးသား၊ ကြိုက်နှစ်သက်ရာ ငါးကို သုံးနိုင်ပါတယ်)

ဆား                                 လက်ဖက်ရည်ဇွန်း တဝက် ဇွန်း

ကြက်သွန်ဖြူ                      ၂ မွှာ (ညက်အောင်ထောင်းထားပါ)

ဝိုင်အဖြူ                            စားပွဲဇွန်း ၁ ဇွန်း

နေကြာပန်းဆီ                     စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ကောင်းအဖြူမှုန့်                   အနည်းငယ်

(အပိုပစ္စည်းများ)

နံနံပင်                               ၂ ပင်လောက် (ဟင်းပွဲ အလှဆင်ရုံပါ)

သံပုရာသီး                         ၁ လုံး (ပုကန် အလှဆင် ပြီး ငါးကြော်ပေါ်ဖြန်းစားလို့ရအောင်)

ဆီ                                   ငါးကြော်ရန် လုံးလောက်သလောက် ထည့်ပေးပါ

ပြုလုပ်နည်း

၁။ ငါး ကလွဲ လို့ ကျန်ပစ္စည်းများ အားလုံး ကို ကြိတ်စက်ထဲ ထဲ့ကြိတ်ပါ။ရလာသော အရည်ဖြင့် ငါး ကိုနယ်နှပ်ထားပါ။ ညသိပ် ထားနိုင်လျှင် ပိုကောင်းပါတယ်။

၂။ အရေခွံဘက်က ငါးအခြမ်းကို ကျွတ်အောင်ကြော်ပါ။ ကျန် ငါးအသားပိုင်း ကို သိပ်အကြာကြီး မကြော်ပါနှင့် ငါးအသား အရမ်း ခြောက်သွား လျှင် စားလို့မကောင်းပါ။

၃။ ပန်ကန် ပြင်ရန် – ပန်းကန်ပြားအချပ်ကြီးကို အသုံးပြုပါ – အားလူး ကိုအရင်တင် ပါ ပြီးမှ ငါး ကြော် ကို တင် ပြီး ဘေးနား မှ နံနံအချဉ် ရည်ဖျန်း ပါ။ သံပုရာ ခြမ်း နှင့် နံနံပင် လေးနဲ့ အလှဆင်ပြီး ကောင်း သော ဝိုင် တခွက် (သို့) ကြိုက်နှစ်သက် ရာ အချိုရည် နှင့် သုံးဆောင်လျှင် မေ့နိုင်စရာမရှိ သော ဟင်းပါ။