ခရီးသွားရတာရဲ့ အကောင်းဆုံးအနှစ်သာရတွေထဲမှာ ဒေသခံအစားအစာတွေကို စားရတာပါပဲ။ နိုင်ငံတစ်ခုစီတိုင်းမှာ ထူးခြားကောင်းမွန်တဲ့ အစားအသောက်တစ်ခုစီတိုင်းတော့ ရှိတတ်ကြပါတယ်။ ထိုကဲ့သို့စားသောက်တဲ့အခါမှာ ဈေးကြီးပေးရပြီး ခမ်းနားထည်ဝါတဲ့ စားသောက်ဆိုင်တွေကို သွားစရာလိုပါဘူး။ ဘာလို့လဲဆိုတော့ လမ်းဘေးစားသောက်ဆိုင်လေးတွေကမှ ဈေးလည်းသက်သာပြီး တကယ့်ကိုအရသာရှိတဲ့ အစားအသောက်တွေကို ပေးစွမ်းနိုင်လို့ပါ။

၁။ တိုရှည် (အိန္ဒိယ)

အိန္ဒိယအစားအစာတွေဟာ အလွန်အရသာရှိတဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာလည်း လူသိများပါတယ်။ နိုင်ငံတိုင်းနီးနီးလိုမှာ မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် ထမင်း၊ ဆား၊ ဟင်းသီးဟင်းရွက်ဆီနဲ့၊ အခွံခွာထားတဲ့ ပဲအမည်း၊ ငရုတ်သီးစိမ်း၊ ပျဉ်းတော်သိမ်းရွက်၊ မုန်ညင်းစေ့၊ အာလူး၊ ကြက်သွန်နီ၊ နနွင်းတို့နဲ့ ပြုလုပ်ထားတဲ့ Masala dosa ခေါ် တိုရှည်က လူကြိုက်အများဆုံးပါ။

၂။ Doner ခပတ်မုန့် (တူရကီ)

ခပတ်လို့လူသိများတဲ့ ဒီလိုမုန့်ဟာဆိုရင် ဂျာမနီနှင့် ဥရောပတို့မှာ အလွန်လူကြိုက်များတဲ့ အစားအသောက်များထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ အ၀ိုင်းလည်နေတဲ့တုတ်ပေါ်မှာ ဖြည်းဖြည်းချင်းကင်ထားတဲ့ သိုးသား၊ အမဲသား သို့မဟုတ် ကြက်သားတို့ပဲဖြစ်ပါတယ်။

၃။ Currywurst (ဂျာမနီ)

ဈေးလည်းသက်သာပြီး ဗိုက်လည်းပြည့်စေတဲ့ Currywurst မုန့်ဟာဆိုရင် ဆောက်လုပ်ရေး အလုပ်သမားများကြားထဲတွင် အလွန်နာမည်ကြီးလှပြီး ယခုအချိန်မှာဆိုရင် ဂျာမနီနိုင်ငံရဲ့ နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။

၎။ Pad thai (ထိုင်း)

တို့ဖူး၊ ကြက်ဥ၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ သကြား၊ ငရုတ်သီး စသဖြင့် အမျိုးစုံပါဝင်တဲ့ Pad thai ဟာဆိုရင် ဒုတိယကမ္ဘာစစ်တုန်းက ထိုင်းနိုင်ငံတွင် ဆန်ရေစပါး ပြတ်လပ်စဉ်အချိန်က ခေါက်ဆွဲများကို စားသုံးခဲ့ရတဲ့အချိန်မှ စပြီး ယနေ့မှာဆိုရင် ထိုင်းနိုင်ငံရဲ့ အထင်ကရ အစားအစာတစ်ခုဖြစ်နေပါပြီ။

၅။ ငါးအသားလွှာ (ဂျပန်)

ဂျပန်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း အတော်နာမည်ကြီးလှပေမယ့်လည်း ဂျပန်နိုင်ငံမှာတော့ အကောင်းဆုံးပါပဲ။ ကိုယ့်ရှေ့မှာပဲ ငါးကြီးကြီးကို အသားလွှာပြီး သုံးဆောင်ဖို့ချပေးတာက ဘာနဲ့မှမတူပါဘူး။

၆။ Poutine (ကနေဒါ)

အာလူးချောင်းကြော်များနှင့် ချိစ်များရောထားပြီး အညိုရောင်ဟင်းအနှစ်များ တင်ထားသည့် ကနေဒါအစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ကနေဒါလူမျိုးများသာမက ကမ္ဘာတစ်ဝှမ်းမှလူများပါ အလွန်သဘောတွေ့သည့် အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

၇။ Pirozhki (ရုရှား)

ပိုင်မုန့်အသေးစားလေးတွေဖြစ်ပြီး မည်သည့်စားသောက်ပွဲများတွင်မဆို ပါဝင်တတ်တဲ့ အစားအစာတစ်ခုပါ။ နိုင်ငံအတွင်းရှိ နေရာတိုင်းမှာ ရောင်းချနေတာကို မြင်တွေ့နိုင်ပါတယ်။ မုန့်ရဲ့အတွင်းထဲကိုတော့ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသဖြင့် ပါဝင်ပစ္စည်းအစုံအလင် တို့ဖြင့် အရသာမျိုးစုံ ပြုလုပ်ထားပါတယ်။

၈။ Jī zhuǎ (ကြက်ခြေထောက်) (တရုတ်)

တရုတ်ကလူတွေ ကြက်ခြေထောက်စားတယ်ဆိုတာဟာ အချို့သူများအတွက်တော့ ထူးဆန်းနေနိုင်ပေမယ့်လည်း သူတို့ကတော့ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး အလေအလွင့်ဖြစ်မှုကို လျော့ချနိုင်တယ်လို့ ယုံကြည်ပါတယ်။ အရသာကို ကြိုက်သလိုထည့်သွင်းနိုင်ပြီး တရုတ်ရှိ စားသောက်ဆိုင်တိုင်းလိုလိုမှာ တွေ့ရှိနိုင်ပါတယ်။

၉။ Pastel de nata (ပေါ်တူဂီ)

၁၈ ရာစုနှစ်ပိုင်းက ခရစ်ယာန်ဘုန်းတော်ကြီးများမှ ဖန်တီးခဲ့တဲ့ Pastel de nata ဟာဆိုရင် ကြက်ဥ၊ သကြား၊ ထောပတ်တို့ပါဝင်ပြီး ယနေ့အချိန်မှာဆိုရင် ပေါ်တူဂီက နာမည်ကြီးတဲ့ သရေစာမုန့်တစ်ခုကို ဖြစ်နေပါပြီ။

၁၀။ Ceviche (ပီရူး)

သံပရာရည် သို့မဟုတ် ခါးသက်သက်နဲ့ လိမ္မော်ရည်ထဲမှာ စိမ်ထားတဲ့ ငါးအသားတုံးများ၊ ကြက်သွန်များ၊ ငရုတ်သီး၊ ဆားနှင့် ငရုတ်ကောင်းတို့ပါဝင်ပြီး အလွန်ကို အရသာရှိလှပါတယ်။ ခရီးသွားဧည့်သည်များ အလွန်ကြိုက်နှစ်သက်တဲ့ အစားအသောက်တစ်ခုပါပဲ။