ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ – ၁ပြားစာ
  • Cheddar Cheese – ၂ဇွန်း Tablespoon
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်း – အနည်းငယ်
  • တရုပ်နံနံ နုတ်နုတ် – အနည်းငယ်
  • ဝက်ပေါင်ခြောက် – ၄ပြားလောက်
  • သွားကြားထိုးတံ – ၄ချောင်းလောက်
  • ကြက်သွန်ဖြူ နုတ်နုတ်စင်း – ၁ဇွန်း Tea
  • ပဲငံပြာရည်အနှောက်ရည် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ရင်ပုံကို ပလက်စတစ် အိပ်ခံကာ ပြားနေအောင် တူဖြင့်ထုပေးပါ ။ အသားထုသော တူမရှိပါက ဓါးပြားဖြင့် ပြားနေအောင် ထုပေးပါ ။ အသားများ မပေါက်အောင် ဂရုစိုက်ပေးပါ ။
  2. ရပြီဆိုရင် အရသာများ နယ်ပါ ။ ကြက်သွန်ဖြူ  ၊ တရုတ်နံနံ ၊ Cheese များအား ထည့်ကာ လိမ့်ပေးပါ ။ အလိပ်လေးရအောင် ပြုလုပ်ပေးရပါမည် ။ ပြီးရင်တော့ အပေါ်မှ ဝက်ပေါင်ခြောက်များ ပက်ပေးပါ ။ သွားကြားထိုးတံဖြင့် ထိုးကာ ချုပ်ပေးပါ ။
  3. အားလုံးအဆင်သင့်ဖြစ်နေပြီဆိုရင်  မီးသွေးဖြင့် မီးအေးအေးလေးထားကာ ကင်ပေးရမှာ ဖြစ်ပါတယ် ။ အပေါ်မှ အသားအား ပဲငံပြာရည်အနှောက်ရည်အား အနည်းငယ် သုပ်လိမ်းပေးစေလိုပါတယ် ။

Credit: သံယောဇဉ်