အမယ်ပစ္စည်း အများကြီးမလိုဘဲ အရသာရှိစွာ လုပ်စား လွယ်ကူသော အစားအစာပါ။ အချိန်မရွေး စားသုံးရန် အဆင်ပြေတာကြောင့် ပြန်လည် မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- Bacon – ၆ ပြား (အပြားအရှည်အတိုင်းထားပါ)
- အမေရိကန်အာလူး – ၁ လုံး အကြီး (အခွံခွာပြီး ခပ်ပါးပါး အကွင်းလိုက်လှီးထားပါ)
- ချိစ် – စားပွဲဇွန်း ၅ ဇွန်း (အမျှင်လေးတွေ ခြစ်ထားပါ)
- ငရုတ်ကောင်းနက်မှုန့် – လိုသလောက် ဖြူးပါ
- Cajun ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ထောပတ် – စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
- ကင်ရန်အသင့်ပြင်နေတုန်း အာဗင်ကို ၂ဝဝ ဒီဂရီလောက် အပူပေးထားပါ။ ဖုတ်ရန်ခွက်ကို ထောပတ်ဖြင့် ပတ်ပတ်လည် နှံ့အောင်သုတ်ပါ။
- ဝက်သားပြားများ အပြားလိုက် ညီညာစီထည့်ပါ။ ထိပ်စလေးတွေ ချန်ထားပါ။ အပေါ်မှနေ ပြန်အုပ်လို့ရအောင်။
- ခွက်အောက်ခြေ ဝက်သားပြားပေါ် အာလူးဖတ်များဖြန့်တင်ပါ။
- ပြီးလျှင် Cajun မှုန့် အနည်းငယ်ဖြူးပါ၊ ချိစ်ဖြူးပါ။ ပြီးလျှင် အာလူးဖတ်များတင်ပါ။ ပထမအဆင့် လုပ်ခဲ့သလိုပဲ ဆက်လုပ်ပါ။
- ဖုတ်ရန် ခွက်အပြည့် အာလူး ချိစ်များနှင့်ဖြည့်ပြီး ဝက်သားပြားဖြင့် သေချာလုံအောင်အုပ်ပြီး ၂ဝ-၂၅ မိနစ်လောက် ကင်ပါ။ မစားခင် အနည်းငယ်အအေးခံပြီးမှ စားပါ။
Credit: Syi Lwin Foods Garden