အမယ်ပစ္စည်း အများကြီးမလိုဘဲ အရသာရှိစွာ လုပ်စား လွယ်ကူသော အစားအစာပါ။ အချိန်မရွေး စားသုံးရန် အဆင်ပြေတာကြောင့် ပြန်လည် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Bacon – ၆ ပြား (အပြားအရှည်အတိုင်းထားပါ)
  • အမေရိကန်အာလူး – ၁ လုံး အကြီး (အခွံခွာပြီး ခပ်ပါးပါး အကွင်းလိုက်လှီးထားပါ)
  • ချိစ် – စားပွဲဇွန်း ၅ ဇွန်း (အမျှင်လေးတွေ ခြစ်ထားပါ)
  • ငရုတ်ကောင်းနက်မှုန့် – လိုသလောက် ဖြူးပါ
  • Cajun ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ထောပတ် – စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

  1. ကင်ရန်အသင့်ပြင်နေတုန်း အာဗင်ကို ၂ဝဝ ဒီဂရီလောက် အပူပေးထားပါ။ ဖုတ်ရန်ခွက်ကို ထောပတ်ဖြင့် ပတ်ပတ်လည် နှံ့အောင်သုတ်ပါ။
  2. ဝက်သားပြားများ အပြားလိုက် ညီညာစီထည့်ပါ။ ထိပ်စလေးတွေ ချန်ထားပါ။ အပေါ်မှနေ ပြန်အုပ်လို့ရအောင်။
  3. ခွက်အောက်ခြေ ဝက်သားပြားပေါ် အာလူးဖတ်များဖြန့်တင်ပါ။
  4. ပြီးလျှင် Cajun မှုန့် အနည်းငယ်ဖြူးပါ၊ ချိစ်ဖြူးပါ။ ပြီးလျှင် အာလူးဖတ်များတင်ပါ။ ပထမအဆင့် လုပ်ခဲ့သလိုပဲ ဆက်လုပ်ပါ။
  5. ဖုတ်ရန် ခွက်အပြည့် အာလူး ချိစ်များနှင့်ဖြည့်ပြီး ဝက်သားပြားဖြင့် သေချာလုံအောင်အုပ်ပြီး ၂ဝ-၂၅ မိနစ်လောက် ကင်ပါ။ မစားခင် အနည်းငယ်အအေးခံပြီးမှ စားပါ။

Credit: Syi Lwin Foods Garden