ငှက်ပျောဖူးကို ချက်စား၊ သုပ်စား တာတွေမြင်ဖူးပါတယ်။ တခါမှတော့ မစားဖူးပါဘူး။ ကျမတို့ ငယ်ငယ် တုန်းကတော့ အမေဟာ ငှက်ပျောဖူးနဲ့ဝက်သားကိုပေါင်းပြီး ခဏခဏ လုပ်ကျွေးဖူးတယ် ။ ငှက်ပျောဖတ်ထဲ ထည့်ပြီးပေါင်းပေးတဲ့ ငှက်ပျောဖူးဝက်သားပေါင်း ကတော့ ငှက်ပျောဖတ်နံ့ မွှေးမွှေးလေးနဲ့ပါ။ သူ့ကို တွဲဖက်စားတာကတော့ ငရုတ်သီးကျွတ်ကြော်၊ ကြက်သွန်မိတ် တို့နဲ့ တွဲစားလို့ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- အရောင်တင်မှုန့်
- ငံပြာရည်
- ငှက်ပျောဖူး – လှီးထားပါ
- ဝက်သား – တောက်တောက်စင်းထားပါ
- ငှက်ပျောဖတ်
- သကြား
- ဆား
- ကြက်ဥ – ၁ လုံး
- ဆန်လှော်မှုန့် – ၂ ဇွန်း
ပြုလုပ်နည်း
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ အရောင်တင်မှုန့် ၊ ငံပြာရည်အနည်းငယ် ထည့်ကာဆီသတ်ထားပါ။ လှီးထားသော ငှက်ပျောဖူး နှင့် စင်းထားသောဝက်သား တို့ကို ဆီသတ်ထားတာတွေနှင့် ရောနယ်ပါ။
- ပြီးလျှင် သကြာနည်းနည်း ၊ ဆား နည်းနည်း ၊ ကြက်ဥ ၁ လုံး ၊ ဆန်လှော်မှုန့် ၂ ဇွန်း ထပ်ထည့်ပြီး သမသွားအောင် နယ်ပါ။
- ပြီးရင်တော့ ငှက်ပျော်ဖတ်ထဲ ထည့်ထုပ်ပြီး အိုးတစ်လုံးထဲ စတီး Plate (ခြေလေးချောင်းပါ) ကိုထည့်ပါ။
- ထို့နောက် ထုပ်ထားတာကို Plate ပြားပေါ်တင်ပါ။ ရေကို Plate ပြားရဲ့ အောက်ခြေ နားထိထည့်ပြီး ၁၅ မိနစ် လောက်ပေါင်းလိုက်ရင် စားလို့ရပါပြီ။
- ပေါင်းတဲ့ နေရာမှာ စတီး Plate အစား ထမင်းထည့်စားတဲ့ စတီးချိုင့် တစ်ဆင့်ထဲကို နယ်ထားတဲ့ ဝက်သားကို ထည့်အဖုံးပိတ်ပြီး အိုးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ပေါင်းစားလို့လည်း ရပါတယ်။
Credit: အိမ်ဟင်းလေး တစ်ခွက်