ငှက်ပျောဖူးကို ချက်စား၊ သုပ်စား တာတွေမြင်ဖူးပါတယ်။ တခါမှတော့ မစားဖူးပါဘူး။ ကျမတို့ ငယ်ငယ် တုန်းကတော့ အမေဟာ ငှက်ပျောဖူးနဲ့ဝက်သားကိုပေါင်းပြီး ခဏခဏ လုပ်ကျွေးဖူးတယ် ။ ငှက်ပျောဖတ်ထဲ ထည့်ပြီးပေါင်းပေးတဲ့ ငှက်ပျောဖူးဝက်သားပေါင်း ကတော့ ငှက်ပျောဖတ်နံ့ မွှေးမွှေးလေးနဲ့ပါ။ သူ့ကို တွဲဖက်စားတာကတော့ ငရုတ်သီးကျွတ်ကြော်၊ ကြက်သွန်မိတ် တို့နဲ့ တွဲစားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • အရောင်တင်မှုန့်
  • ငံပြာရည်
  • ငှက်ပျောဖူး – လှီးထားပါ
  • ဝက်သား – တောက်တောက်စင်းထားပါ
  • ငှက်ပျောဖတ်
  • သကြား
  • ဆား
  • ကြက်ဥ – ၁ လုံး
  • ဆန်လှော်မှုန့် – ၂ ဇွန်း

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ အရောင်တင်မှုန့် ၊ ငံပြာရည်အနည်းငယ် ထည့်ကာဆီသတ်ထားပါ။ လှီးထားသော ငှက်ပျောဖူး နှင့် စင်းထားသောဝက်သား တို့ကို ဆီသတ်ထားတာတွေနှင့် ရောနယ်ပါ။
  2. ပြီးလျှင် သကြာနည်းနည်း ၊ ဆား နည်းနည်း ၊ ကြက်ဥ ၁ လုံး ၊ ဆန်လှော်မှုန့် ၂ ဇွန်း ထပ်ထည့်ပြီး သမသွားအောင် နယ်ပါ။
  3. ပြီးရင်တော့ ငှက်ပျော်ဖတ်ထဲ ထည့်ထုပ်ပြီး အိုးတစ်လုံးထဲ စတီး Plate (ခြေလေးချောင်းပါ) ကိုထည့်ပါ။
  4. ထို့နောက် ထုပ်ထားတာကို Plate ပြားပေါ်တင်ပါ။ ရေကို Plate ပြားရဲ့ အောက်ခြေ နားထိထည့်ပြီး ၁၅ မိနစ် လောက်ပေါင်းလိုက်ရင် စားလို့ရပါပြီ။
  5. ပေါင်းတဲ့ နေရာမှာ စတီး Plate အစား ထမင်းထည့်စားတဲ့ စတီးချိုင့် တစ်ဆင့်ထဲကို နယ်ထားတဲ့ ဝက်သားကို ထည့်အဖုံးပိတ်ပြီး အိုးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ပေါင်းစားလို့လည်း ရပါတယ်။

Credit: အိမ်ဟင်းလေး တစ်ခွက်