တစ်ခါတစ်လေ ပုဇွန်ဟင်းချက်စားရတာ ငြီးငွေ့လာတတ်ပါတယ်။ အဆီအနှစ် တွေနဲ့ထမင်း တွဲစားရတာ အီလည်လာတဲ့ အခါမျိုးတွေ ကျမ်းမာရေး အတွက်လည်း လိုက်ဖက်ညီ ကောင်းမွန်သော ပုဇွန်ကင် နဲ့ အသီးအရွက်သုပ်လေး ကို မျှတသော အဟာရများ ပါဝင်တာကြောင့် လုပ်စားကြည် လိုက်အုန်းနော်။
ပါဝင်ပစ္စည်းများ
- ဂေါ်ဖီ – ၁/၂ ခွက် (ခတ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
- နံနံပင် – ၃ ပင် (ခတ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
- ချယ်ရီ ခရမ်းချဉ်သီး – ၁၀ လုံး
- ငြုပ်သီးစိမ်း – ၃ တောင့် (ခတ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
- ငြုပ်ပွစိမ်း – ၁/၂ (အရှည်လိုက်လေး တွေလှီးထားပါ)
- Japanese Dressing နှမ်းပဲငံပြာရည် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- သံပုရာရည် – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- နှမ်းမဲ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ပုဇွန် – နယ်နှပ်ထားရန် (Marinate the prawn)
- ပုဇွန်ထုပ်ကြီး – ၄ ကောင် (အခွံနှင့် ထက်ခြမ်းခြမ်း ထားပါ ။)
- သံလွင်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- Cajun မှုန့် – ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း
- ဖန်ဇလုံ ကြီးထဲသို့ ပုဇွန် နယ်နှပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး နှယ်နှပ်ထားပါ။ ပုဇွန် နယ်နှပ်ထားစဉ် ဖန်ဇလုံ အကြီးထဲ သံပုရာရည် နှင့် Japanese Sesame Soy Sauce Dressing များ ထည့်ပြီး ရောမွှေသွားအောင် ခလောက်ပါ။
- အာဗင် ကို အပူချိန် ၁၉၀ ဒီဂရီလောက် ပေးထားပါ။ (မီးသွေးနှင့် ကင်မည်ဆိုလျှင် မီးသွေး မီးတောက်မှ ကင်ပါ။)
- အာဗင်ထဲကင်ရန် ဘားတန်းစင်ပါသော အကင်ဗန်းပေါ် နယ်နှပ်ထားသော ပုဇွန်ခြမ်းများ စီတင်ပါ။ ပုဇွန် နယ်နှပ်ထားသော ကျန်အရည်များကို စုတ်တံလေးဖြင့် သေချာစွာ ပုဇွန်ပေါ် သုတ်ပေးပါ။
- အာဗင်ထဲတွင် ပုဇွန်များကို ၃ ၊ ၄ မိနစ်ခန့် ကင်ပါ။ အရောင်တက်လာလျှင် တစ်ဖက်လည့်ပေးပြီး ၂ မိနစ်ခန့် ထပ်ကင်ပါ။ ပြီးလျှင် အနည်းငယ် အအေးခံပြီးမှ အရွက်သုပ်ဖြင့် တွဲစားပါ။
- အသုပ်သုပ်ရန် Japanese dressing ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး အရွက်ထဲ အရသာ ဝင်အောင် နယ်နှပ်ထားပါ။ ပြီးလျှင် ကင်(ဖုတ်) ထားသော ပုဇွန်ဖြင့် တွဲစားပါ။
.