အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရံဟင်းလေးတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အလွယ်တကူရှာဝယ်ရလွယ်ကူတဲ့ မျှစ်နဲ့ စားတောပဲတို့ကို ပူးတွဲပြီးတော့ အရသာရှိရှိ ကြော်စားရအောင်။
ပါဝင်ပစ္စည်းများ
- မိုးကုတ်မျှစ်နု
- စားတော်ပဲ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆား
ပြုလုပ်နည်း
- ဆေးဆိုးမထားတဲ့ မိုးကုတ်မျှစ်နု လေးတွေကို ရေများများ နဲ့ပြုတ်ပြီး ဓါးချွန်လေးနဲ့ ပါးပါးရအောင် လွှာထားပါ။
- ကြက်သွန်နီကို အရင်ဆုံး ဆီသတ် ဆယ်ယူထားပြီး ကြက်သွန်ဖြူထည့်၊ မျှစ်ထည့် ၊ စားတော်ပဲ လေးတွေထည့်၊ ဆား သင့်ရုံထည့် ရေနွေးလေး ထည့်ပြီး ဆူလာအောင်တည်ပါ ။
- အရသာ အပေါ့အငံ ရေစိတ်ကြိုက်ပြင် ၊ ကြက်သွန်နီကြော် လေးဖြူးကာ စားလို့ ရပါပြီ။
Credit: Soe’s Cooking Collection