အစပ် မပါရင် ထမင်းမစားတတ်ဘူးဆိုတဲ့ လူတွေရှိသလို အစပ်မစားနိုင်တဲ့ လူတွေလည်း အတော်များပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင်တော့ မြန်မာနိုင်ငံက လူမျိုးအများစုဟာ  ငရုတ်သီး စားကြပါတယ်။ ငရုတ်သီးကို ပုံစံမျိုးစုံနဲ့ စားကြပါတယ်။ အစိမ်းစားတယ် အလှော်စားတယ်၊ ဟင်းထဲထည့်တယ်၊ ဟင်းချက်စားတယ် အစရှိသဖြင့် စားကြပါတယ်။ အညာဒေသတွေမှာတော့ ဘာချက်ချက် ငရုတ်သီးထည့်ချက်တာ တွေ့ဖူးပါတယ်။ ကြက်သားငပိချက်၊ အမဲသားငပိချက် ဆိုပြီး ငရုတ်သီးရယ် ခရမ်းချဉ်သီးရယ် အသားတွေနဲ့ ရောချက်ပြီး စားကြပါတယ်။

ဒီတခါတော့ အမဲသားကို ငရုတ်သီးလေးနဲ့ တွဲပြီး မွှေးမွှေး စပ်စပ်လေး ချက်စားကြစို့နော်။ ဆတ်သားခြောက်တို့ အမဲသားခြောက်တို့နဲ့လည်း ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား အသားကောင်းကောင်း အနည်းငယ် (အချို့ကလည်း အရွတ်လေးကို ချက်စားကြပါတယ်)
  • ငရုတ်သီးအနီ အတောင့်ခြောက် ၅ကျပ်သား
  • ငရုတ်သီးအဆီ အနည်းငယ်
  • ခရမ်းချဉ်သီး ၁၀လုံး
  • ကြက်သွန်နီ ခပ်ကြီးကြီး ၁လုံး
  • ကြက်သွန်မြိတ် အနည်းငယ်
  • ငရုတ်ပွသီး အစေ့ထုတ်ပြီး ပါးပါးလှီးထားတာ ၁လုံး (အစိမ်းရောင်)
  • ငရုတ်ပွသီး အစေ့ထုတ်ပြီး ပါးပါးလှီးထားတာ ၁လုံး (အနီရောင်)
  • ဘီယာ လက်ဖက်ရည်ခွက် တစ်ခွက်
  • ငရုတ်သီးအရောင်တင် အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ပင်စိမ်း အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြားအနည်းငယ်
  • သံပုရာသီး တစ်လုံး
  • ချိစ် အနည်းငယ်

beef_chili

  • ပြင်ဆင်ချိန် – မိနစ် ၃၀
    ချက်ပြုတ်ချိန် – ၁-၂နာရီပြုလုပ်ပုံ
  • အမဲသား အစိမ်းဆိုရင်တော့ ပါးပါးလှီးပြီး သံပုရာသီး အရည်ညှစ် ဆားအနည်းငယ်နဲ့ နယ်ပေးပါ။ အိုးအပူမှာ အပူပေးပါ။ ကျတ်သွားတဲ့အထိ အပူပေးပါ။
  • အိုးထဲကို ချိစ် အနည်းငယ်ထည့်ပါ။ အမဲသား၊ လှီးထားတဲ့ ခရမ်းချဉ်သီး၊ ဆော့စ်အနှစ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်ပွများ၊ အရောင်တင်မှုန့်၊ ဘီယာ၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား အစရှိတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးကို အိုးထဲမှာ ထည့်ပြီး
    ရောမွှေပါ။ (ပင်စိမ်းတစ်မျိုးပဲ ကျန်ထားပါ)
  • မီးအေးအေးနဲ့ ရေအနည်းထည့်ပြီး အဖုံးအုပ်ထားပါ။ အနည်းဆုံး ၁နာရီလောက်ထားပါ။ မီးခပ်အေးအေးနဲ့ ၂နာရီလောက်ထိ ထားရင်ပိုကောင်းပါတယ်။
  • အသားတွေ အိသွားရင်တော့ ရပါပြီ။ အပေါ်ကနေ ပင်စိမ်းလေး အုပ်ပါ။
  • ကိုယ် အစပ်ကြိုက်တဲ့အပေါ် မူတည်ပြီး ငရုတ်သီးကို အတိုးအလျော့ လုပ်ပေးလို့ ရပါတယ်။