သခွားသီးဖျော်ရည်သောက်သင့်တဲ့ အကျိုးကျေးဇူး (၆) မျိုး

မင်္ဂလာပါနော်။ သခွားသီးဟာ လူကြိုက်များသလို ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့်လည်း စားသုံးသူများပါတယ်။ သခွားသီးဟာ အရသာရှိရုံသာမက သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

သခွားသီးဖျော်ရည်တစ်ခွက်မှာဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပြီး သင့်ကျန်းမာရေးနဲ့ သင့်ခန္ဓာကိုယ်ကို ကျန်းမာလှပစေမှာပါ။

 

သခွားသီးရဲ့ အကျိုးကျေးဇူး

၁။ ကိုယ်အလေးချိန်ကျစေခြင်း

သခွားသီးဖျော်ရည်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။ သင့်ရဲ့ ခါးသွယ်သွယ်လေးကိုလည်း နဂိုအတိုင်းဖြစ်စေမှာပါ။

၂။ အအေးမိဖျားနာခြင်းကို သက်သာစေခြင်း

ဗီတာမင် C ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အအေးမိ နှာစေး ဖျားနာခြင်းကို သက်သာစေပါတယ်။ ဦးနှောက်ဆဲလ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။

၃။ အသားအရေပိုလှလာမယ်

သခွားသီးဖျော်ရည်ကို သောက်ပေးတာဟာ သင့်အသားအရေကို ကျန်းမာ စိုပြေစေတဲ့ အကျိုးကျေးဇူးကိုရရှိစေမှပါ။

Collagen ပါဝင်မှုများပြီး သင့်အသားအရေကို နုပျိုစေပါတယ်။ ပုံမှန်သောက်ပေးခြင်းဖြင့် အသားအရေ စိုပြေပြီး လှပစေမှာပါ။

၎။ သွေးလွန်ရောဂါကိုကာကွယ်ပေးခြင်း

ဗီတာမင် K ပါဝင်ပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သွေလွန်ခြင်းကို ထိန်းပေးနိုင်သလိုပဲ သွေးကြောပိတ်ဆို့ခြင်း သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၅။ ဆံကေသာကို ပိုပြီးလှပစေခြင်း

ဆံကေသာအလှအတွက် သခွားသီးဖျော်ရည်ကို သုံးနိုင်ပါတယ်။ ဆံကေသာကို သန်စွမ်းကျန်းမာစေပါတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်လို့ သင့်ဆံကေသာကို နူးညံ့တောက်ပြောင်စေပါတယ်။

၆။ ဦးနှောက်ကျန်းမာရေး

သခွားသီးဟာ သင့်ဦးနှောက်ရဲ့ ဆက်သွယ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဗီတာမင် B5 ပါဝင်လို့ ဖြတ်ထိုးဥာဏ်ကောင်းစေပြီး သင့်ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။