၁။ အရိုးကိုသန်မာစေခြင်း

မုန်ညှင်းစိမ်းမှာပါဝင်တဲ့ သတ္တုဓာတ်တွေက အရိုးကို သန်မာစေပါတယ်။ မဂ္ဂနီဆီယမ်၊ ဇင့်စ်၊ သံဓာတ်၊ ကယ်လ်စီးယံ စတာတွေပါဝင်လို့ အရိုးပါးခြင်း အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

၂။ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

သံဓာတ်ပါဝင်လို့ သွေးနီဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။ မုန်ညှင်းစိမ်းကို စားပေးမယ်ဆိုရင် သံဓာတ်ရရှိတာမို့ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

 

၃။ ကင်ဆာကာကွယ်ပေးခြင်း

မုန်ညှင်းစိမ်းမှာ ဆာလ်ဖာ ပါဝင်ပြီး ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ Antioxidant လည်းပါဝင်ပြီး ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

 

၎။ အမြင်အာရုံကောင်းမွန်စေတယ်

ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ Beta Carotene, Alpha Carotene တွေပါဝင်လို့လည်း မျက်လုံးကို အားကောင်းစေပါတယ်။

 

၅။ နှလုံးကိုကျန်းမာစေတယ်

မုန်ညှင်းစိမ်းမှာ ဗီတာမင် 6 နဲ့ Folic Acid တို့ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ သတ္တုဓာတ်တွေပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

 

၆။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

မုန်ညှင်းစိမ်းမှာ ဗီတာမင် C တို့လို ဗီတာမင်ဓာတ်တွေပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

 

၇။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျန်းမာစေခြင်း

မုန်ညှင်းစိမ်းမှာ ဖော့လိတ် ဓာတ်ပါဝင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ဆုံး ဓာတ်တမျိုးဖြစ်ပါတယ်။ ဖောလိတ်အက်ဆစ် ပါတာကို စားပေးမယ်ဆိုရင် ကလေးငယ်ကို ကျန်းမာစေသလို မိခင်နဲ့ ကလေးကိုလည်း ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။