ငါးတွေမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်ပေါင်းများစွာပါဝင်ပါတယ်။

Omega 3 Fatty အက်ဆစ်ပါဝင်မှု အများဆုံး အစားအစာဖြစ်ပြီး ပရိုတင်းဓာတ်နဲ့ ဗီတာမင် D တို့လည်းပါဝင်ပါတယ်။

နှလုံးရောဂါကိုကာကွယ်

နှလုံးရုတ်တရပ် ရပ်တန့်တာနဲ့ လေဖြတ်တာဟာ ကမ္ဘာပေါ်မှာ အသက်မကြီးခင်သေဆုံးလေ့ရှိတဲ့ ရောဂါ ၂မျိုးပါ။

ဒါပေမယ့် ငါးမှာပါဝင်တဲ့ အာဟာရတွေက နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ငါးမှာပါဝင်တဲ့ အာဟာရနဲ့ ပတ်သက်ပြီး အမျိုးသား ၄ သောင်းကို သုသေသနတစ်ခုပြုလုပ်ခဲ့ပါတယ်။ တစ်ပတ်ကို ငါး ၁ခါ စားသုံးတဲ့ သူတွေမှာ နှလုံးရောဂါဖြစ်ပွားနှုန်း ၁၅ ရာခိုင်နှုန်းလျော့ကျပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေး

ငါးတွေမှာပါဝင်တဲ့ Omgea-3 Fatty အက်ဆစ်ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးပြီး အထူးသဖြင့် ဦးနှောက်နဲ့ မျက်လုံးကြီးထွားဖို့အတွက် အဓိကကျပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နို့တိုက်မိခင်တွေက ငါးကို စားပေးသင့်ပါတယ်။ ဒါပေမယ့် ငါးအစိမ်းမှာ ဘက်တီးရီးယားတွေ Microorganism တွေပါဝင်တာကြောင့် သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

အာဟာရဓာတ်များစွာပါဝင်

ငါးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းဓာတ်၊ အိုင်အိုဒင်း စသည့်အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ အဆီဓာတ်များတဲ့ ငါးတွေမှာ Omega 3 Fatty အက်ဆစ်ပါဝင်မှုအများဆုံးဖြစ်ပါတယ်။ Omgea 3 Fatty အက်ဆစ်က ခန္ဓာကိုယ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေ

ငါးတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ Omega-3 Fatty အက်ဆစ်က စိတ်ဖိစီးမှုကို လျော့ကျအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ငါးစားခြင်းဖြင့် ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။