နာနတ်သီးမှာ ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အရည်တွေကို ဖယ်ရှားပေးနိုင်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အရည်တွေများနေရခြင်းရဲ့ အဓိကပြဿနာက ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ အထိုင်များနေခြင်း၊ ဆားတွေ အလွန်အကျွံစားခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ချပေး

ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေများနေတဲ့ နေရာတွေက မျက်နှာနဲ့ ဝမ်းဗိုက်ဖြစ်ပါတယ်။ နာနတ်သီးတွေက ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးနိုင်ကာ ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

အဲ့ဒီအပြင် ကယ်လိုရီပါဝင်မှုလည်းနည်းတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းဖို့ကူညီပေးပါတယ်။

အစာခြေစနစ်ကို ကူညီပေး

အမျှင်ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း ကူညီပေးနိုင်ပါတယ်။

Bromelain အင်ဇိုင်းလည်းပါဝင်ပြီး အဲ့ဒီ အင်ဇိုင်းက ချေဖျက်ဖို့ ခက်ခဲတဲ့ ပရိုတင်းဓာတ်တွေကိုလည်း ချေဖျက်နိုင်ပါတယ်။ Bromelain အင်ဇိုင်းဓာတ်ကြောင့် ဝမ်းချုပ်တာ၊ ဝမ်းဗိုက်ပူတာ တို့ကို လျော့ကျကာကွယ်ပေးပါတယ်။