သရက်သီးက အရသာရှိရုံတင်မကဘဲ အာဟာရလည်းပြည့်စုံတဲ့ အသီးအနှံဖြစ်ပါတယ်။ နောက် ၂လ လောက်ဆိုရင် နွေရာသီစ၀င်ပြီး သရက်သီးတွေ စားရတော့မှာဆိုတော့ သရက်သီးရဲ့ အကျိုးကျေးဇူးတချို့ကို ဝေမျှပေးချင်ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်

သရက်သီးမှာ Beta Carotene ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

Beta Carotene ဓာတ်က ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာမင် A အဖြစ်ပြောင်းလဲသွားပါတယ်။ ဗီတာမင် A က Antioxidant ဗီတာမင်တစ်မျိုးဖြစ်ပြီး Free Radical တွေက ခန္ဓာကိုယ်ကို ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ ဖျားနာမှုတွေကနေလည်း ကာကွယ်ပေးပါတယ်။

အရွယ်တင်နုပျိုစေ

သရက်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် C က Collagen Protein ဓာတ်တွေ ထုတ်လုပ်ရာမှာ အဓိကကျတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီဓတ်က သွေးကြောတွေနဲ့ တစ်ရှူးတွေကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။

ကျန်းမာတဲ့ ဦးနှောက်ကို ပိုင်ဆိုင်နိုင်ဖို့ကူညီ

သရက်သီးမှာ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးပါတယ်။ အဲ့ဒီအပြင် ဦးနှောက်ရဲ့အာရုံကြောတွေက စိတ်ခံစားချက်နဲ့ အိပ်ပျော်ခြင်းဆိုင်ရာတို့မှာ လွှမ်းမိုးမှုရှိပါတယ်။

သွေးတိုးကိုကျစေ

သရက်သီးက သွေးတိုးကိုကျစေပါတယ်။ သရက်သီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် သွေးတိုးကိုကျစေပါတယ်။

ကိုလက်စထရော လျော့ချပေး

သရက်သီးမှာ Pectin ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ Pectin ဓာတ်က ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး သွေးထဲက ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။