အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျွန်မတို့ နေ့စဉ်စားသုံးတဲ့အစားအစာတွေဟာ ကျန်းမာရေးနဲ့ များစွာ ဆက်စပ်နေပါတယ်။ မျက်လုံးဆိုတာ ကျွန်တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းထဲမှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီကနေ့ခေတ်မှာ ကွန်ပျူတာတွေ၊ ဖုန်းတွေ ပေါ်လာတာနဲ့ အတူ လူမှုကွန်ရက်တွေအသုံးပြုတာ၊ အလုပ်တွေလုပ်ရတာ၊ အချိန်အကြာကြီး ဂိမ်းဆော့တာတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင်အာရုံတွေ ဝေဝါးနေကြရပါတယ်။

သင့်အတွက် အရေးပါတဲ့ မျက်ဝန်းတစ်စုံ အတွင်းတိမ်မဖြစ်စေဖို့ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်လျှော့ချပေးနိုင်ဖို့ ဒီအစားအစာ (၆) မျိုးကို စားသုံးလိုက်ရအောင်။

၁။ Citrus အသီးများ

သံပယိုသီး၊ သံပရာသီး၊ လိမ္မော်သီး စသည်တို့လို Citrus အသီးတွေမှာ ဗီတာမင် C နဲ့ Beta Keratins ဓာတ်တွေပါဝင်ပြီး ဆဲလ်များ ဓာတ်တိုးပျက်ပျယ်ခြင်းကို ကာကွယ်ပေးပါတယ်။

နေရောင်ခြည်ထိတွေ့မှုနဲ့ အဆိပ်အတောက်တွေကြောင့် ဆဲလ်များ ထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးသလို၊ တစ်ရှုးသစ်တွေကိုလည်း ဖြစ်စေပါတယ်။

၂။ ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်ဟာ Antioxidant တွေကြွယ်ဝစွာပါဝင်သလို ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပါတယ်။ ဗီတာမင် A, Zinc နဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်ပြီး မျက်လုံးကို ကျန်းမာစေပါတယ်။

၃။ သံလွင်ဆီ

သံလွင်ဆီမှာ Antioxidant နဲ့ Fatty Acids ပါဝင်ပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ။ မနက်စာမစားခင်မှာ သံလွင်ဆီ တစ်ဇွန်းလောက်သောက်ပေးလိုက်ပါ။

၎။ ငါးများ

ငါးကြီးဆီ၊ ဆဲလ်မွန်ငါး၊ တူနာငါး စတာတွေဟာ သင့်မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ် အစားအစာတွေပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။

၅။ ဥများ

ဥတွေမှာ လူတိန်းဓာတ်နဲ့ Zeaxanthin ဓာတ်တွေပါဝင်ပြီး သင့်ရဲ့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ကြက်ဥစားတဲ့အခါ အနှစ်ကိုပါစားပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးအတွက်ပိုကောင်းပါတယ်။

၆။ Green Tea

Green Tea ဟာ သင့်ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲနော်။မျက်လုံးကျန်းမာရေးအတွက်သာမက တခြားကျန်းမာရေးအတွက်လည်း ကောင်းမွန်လို့ Green Tea ကိုတစ်နေ့ ၂ ကြိမ်သောက်ပါ။