Omega-3 Fatty အက်ဆစ် ကြွယ်ဝစွာပါဝင်

ဆယ်မွန်ငါးတွေမှာ Omega-3 Fatty အက်ဆစ် EPA နဲ့ DHA တို့ပါဝင်ပါတယ်။ ဆယ်မွန်ငါး ၁၀၀ ဂရမ်မှာ Omega-3 Fatty အက်ဆစ် ၂.၃ ဂရမ်ပါဝင်ပါတယ်။

Omega 3 Fatty အက်ဆစ်က ငါးအဆီဖြစ်ပေမယ့် တခြား အဆီတွေနဲ့ မတူဘဲ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့အဆီဖြစ်ပါတယ်။

Omega 3 Fatty အက်ဆစ်က ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပြီး၊ သွေးတိုးကျစေကာ၊ သွေးလွှတ်ကြောထဲက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။

ပရိုတင်းဓာတ်ပါဝင်


ဆယ်မွန်ငါးမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်းဓာတ်က ထိခိုက်ရှနာရရင် အနာကျက်မြန်စေပြီး အရိုးကျန်းမာရေးကိုလည်းကောင်းစေကာ အရွယ်တင်နုပျိုစေပါတယ်။

လူတစ်ယောက်က တစ်နေ့ကို ပရိုတင်းဓာတ် ၂၀ ကနေ ၃၀ ဂရမ်ကြား လိုအပ်ပါတယ်။

ဆယ်မွန်ငါး ၁၀၀ ဂရမ်မှာ ပရိုတင်းဓာတ် ၂၂ ကနေ ၂၅ ဂရမ်ပါဝင်ပါတယ်။

 

ဗီတာမင် B ကြွယ်ဝစွာပါဝင်

ဆယ်မွန်ငါးမှာ ဗီတာမင် B ကြွယ်ဝစွာပါဝင်နေပါတယ်။

ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B3၊ ဗီတာမင် B5 ၊ ဗီတာမင် B6 ၊ ဗီတာမင် B9 နဲ့ ဗီတာမင် B12 တို့ပါဝင်ပါတယ်။

ဒီ ဗီတာမင်တွေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။ အစားအစာတွေကိုချေဖျက်ပြီး စွမ်းအင်အဖြစ်ပြောင်းလဲခြင်း၊ DNA တွေကို ပြုပြင် ဖန်တီးခြင်းနဲ့ နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက်ကောင်းမွန်

ဆယ်မွန်ငါးမှာ ပါဝင်တဲ့ အဆီတွေက ဦးနှောက်ဖွံ့ဖြိုးမှုကို အားကောင်းစေပြီး စိတ်လှုပ်ရှားတာ၊ မှတ်ဥာဏ်ပျောက်ဆုံးတာတို့ကိုလည်း ကာကွယ်ပေးပါတယ်။