တရုတ်ဆီးဖြူသီးကို အချဉ်ကြိုက်တဲ့သူတွေ အားလုံးလည်း ကြိုက်ကြမယ်ထင်ပါတယ်နော်။ ဇီးဖြူသီး အများကြီးရှိတဲ့အထဲမှ လူကြိုက်အများဆုံးက တရုတ်ဇီးဖြူသီးပါ။ တရုတ်ဆီးဖြူသီးချဉ်ချဉ်လေးကို ငရုပ်သီးစပ်စပ်လေးနဲ့ စားရတာကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေ အများကြီးရှိမယ်ထင်ပါတယ်နော်။ ဆားရေစိမ်ပြီးလည်း စားကြပါတယ်။

တရုတ်ဆီးဖြူသီးရဲ့ အကျိုးကျေးဇူးအချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ဝမ်းချုပ်တာ သက်သာစေခြင်း

တရုတ်ဆီးဖြူသီး တစ်လုံးလောက်ကို ရေသေချာဆေးလိုက်ပြီး တောက်တောက်စဉ်းလိုက်ပါ။ ပြီးရင် ရေနွေးပူပူ ခွက်တစ်ဝက်ထဲကိုထည့်ပြီး မွှေပေးလိုက်ပါ။ အဲဒီနောက် ပျားရည်နည်းနည်းထည့်လိုက်ပါ။ ပြီးရင်သေချာမွှေပေးပြီး အေးအောင်ထားကာ သောက်လိုက်ပါ။

၂။ သွားကျန်းမာရေး

ဆီးဖြူသီးကို ဝါးပေးတာဟာ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဗီတာမင် C နဲ့ ကယ်လ်ဆီယမ်တိ့ပါဝင်ပြီး သွားဖုံးသွေးယိုတာကိုလည်း သက်သာစေပါတယ်။

၃။ ဆီးချို

တရုတ်ဆီးဖြူသီးဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအစိမ်းကို အစေ့ဖယ်ပြီး ဆားနဲ့နယ်ကာအရည်ထွက်အောင် ညစ်ပေးပါ။ ပြီးရင် ဆီးဖြူသီးအရည်တစ်ဇွန်းရောပြီး ၂ လလောက် သောက်ပေးရင် ဆီးချိုသက်သာစေပါတယ်။

၎။ ကိုယ်ခံအားစနစ်

ဗီတာမင် C အပြင်၊ ကယ်လ်စီးယံ ၊ စံဓာတ်၊ ဖော့စ်စဖောရပ်စ် စတဲ့ ဓာတ်တွေပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၅။ ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူသီးအရည်ကို သကြားနည်းနည်းထည့်ပြီး သောက်ပေးလိုက်ပါ။ ဒီလိုသောက်ပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။

တခြားကျန်းမာရေးအကျိုးကျေးဇူး

အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို သက်သာစေပါတယ်။ ဆီးဖြူသီးအရည်ကို ပျားရည်နဲ့ ရောပြီးသောက်ပေးရင် ချောင်းဆိုသက်သာစေပါတယ်။

မှတ်ဥာဏ်ကိုလည်း ကောင်းမွန်စေပြီး စိုးရမ်ပူပန်မှုလွန်ကဲခြင်းကို သက်သာစေပါတယ်။ ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပါဝင်လို့လည်း အရိုးကိုသန်မာစေပါတယ်။