အသီးအနှံတွေ လတ်လတ်ဆတ်ဆတ်နဲ့ ပေါတဲ့ မိုးရာသီဟာ ဈေးဝယ်သူတွေ အတွက်တော့ ပျော်စရာပါ။ လတ်ဆတ်ပြီး ပေါများတဲ့ အသီးတွေကို ဈေးထဲမှာ အလွယ်တကူ တွေ့နိုင်တဲ့ ရာသီလည်း ဖြစ်ပါတယ်။ အခုဆိုရင် မင်းဂွတ်သီးတွေလည်း လှိုင်လှိုင်ပေါနေပါပြီ။ အရသာ ချိုပြီး အလုံးကြီးကြီးတွေနဲ့ မြင်နေရတာ စားချင်စရာပါ။ ဒါကြောင့် ရာသီစာ မင်းဂွတ်သီးဟာ လူတွေကို ဘယ်လို အကျိုးပြုနိုင်လဲဆိုတာ မျှဝေချင်ပါတယ်။

Source: MomJunction

မင်းဂွတ်သီးကို မြန်မာပြည်ရဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာ စိုက်ပျိုးကြပါတယ်။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း တွေ့ရပါတယ်။ မင်းဂွတ်သီးမှာ နူးညံ့ပြီး ချိုသော အရသာ ရှိတာကြောင့် လူကြိုက်များသော အသီးဖြစ်ပါတယ်။ မမှည့်သေးရင်တော့ အနည်းငယ် ချဉ်တဲ့ အရသာ ရှိပါတယ်။ မင်းဂွတ်သီးကို အဆီထုတ်ပြီး သကြားလုံးနဲ့ ကိတ်မုန့်တွေ ပြုလုပ်ကြသလို ဆပ်ပြာနဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေလည်း ထုတ်ပါသေးတယ်။

Source: Health Benefits of Eating…

မင်းဂွတ်သီးမှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်၊ သတ္တုဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေး အထောက်အကူပြု ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ မင်းဂွတ်သီးဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အူနဲ့အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကနေ ကင်းဝေးစေပါတယ်။ ဒီရာသီမှာတော့ ဒူးရင်းသီးလည်း ပေါသလို မင်းဂွတ်သီးလည်း ပေါနေခြင်းဟာ သဘာဝရဲ့ လက်ဆောင်ပါပဲ။ အပူစာ ဒူးရင်းသီးကို စားပြီးရင် အအေးစာ မင်းဂွတ်သီးကို တွဲစားပေးရပါတယ်။ မင်းဂွတ်သီးဟာ အာရုံကြော အားနည်းခြင်းကို သက်သာစေသလို အကြောအားနဲခြင်းကိုလည်း သက်သာစေပါတယ်။ မင်းကွတ်သီးသတ္တုရည်သည် သွေးလွှတ်ကြောများပိတ်ဆို့ခြင်း၊ နှလုံးသွေးကြောများ မာကျောကျစ်လစ်ခြင်း စသော နှလုံးသွေးကြော ဆိုင်ရာ ရောဂါ အထွေထွေကို ထိထိရောက်ေ ရာက် ကုသပေးနိုင်စွမ်းရှိပါသည်။ သွေးထဲရှိ အဆီများ ကိုလည်း ကျစေပါသည်။

Source: ripe.london

သွေးထဲက သကြားပမာဏကို ကျစေတာကြောင့် သွေးတိုးနဲ့ ဆီးချိုသမားတွေ စားလို့ ရပါတယ်။ ကိုယ်တွင်းကိုယ်ပ အနာတွေ ရှိခဲ့ရင်လည်း မင်းဂွတ်သီးဟာ ဆေးတစ်ပါးပါပဲ။ ဒါကြောင့် ကင်ဆာရောဂါ အတွက် မင်းဂွတ်သီးကို အခွံရော အသားပါ စားသုံးပေးကြတာပါ။ အသားအရေကိုလည်း ချောမွေ့စေတဲ့ မင်းဂွတ်သီးကို အဆီထုတ်ပြီး လိမ်းပေးလို့ ရပါတယ်။ အရေပြား ရောဂါတွေ အတွက်ကတော့ မင်းဂွတ်သီးက ကောင်းကောင်း ကူညီပေးပါတယ်။ မင်းဂွတ်သီး အခွံကို သွေးပြီး လိမ်းပေးရင် အရေပြားပေါ်က အနာတွေနဲ့ အင်ပြင်၊ မိတ်ထွက်တာတွေ သက်သာစေပါတယ်။ မင်းဂွတ်သီးရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကတော့ အများကြီးပါ။ အခုလို လတ်ဆတ်ပြီး ပေါများတဲ့ ရာသီမှာ ဆေးဖက်လည်းဝင်တဲ့ မင်းဂွတ်သီးကို နေ့စဉ် စားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။

Credit: benefitsofmangosteen