မြန်မာ့ရိုးရာအစားအစာတွေထဲမှာ ဘယ်အချိန်စားစား ရိုးမသွားတဲ့အစားအစာတွေကတော့ အများကြီးပါပဲ။ မိုးအေးအေးနဲ့ဆိုရင်တော့ Street Foods ပူပူလေးတွေကိုစားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် မိုးအေးအေးလေးနဲ့ သွားစားလို့ကောင်းတဲ့ မြန်မာ့ရိုးရာ Street Foods တွေကို ဖော်ပြပေးလိုက်ပါတယ်။

မုန့်ဟင်းခါး

Source: www.saveur.com

မုန့်ဟင်းခါးကတော့ မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့အပြင် လူကြိုက်အများဆုံးအစားအစာတစ်ခုပါ။ မိုးအေးအေးလေးနဲ့ မုန့်ဟင်းခါးပူပူလေးကို ဆိုင်မှာထိုင်ပြီးစားရတဲ့အရသာက အရမ်းမိုက်ပါတယ်။ အိမ်မှာထိုင်စားတာထက် ဆိုင်မှာထိုင်စားရတာက ပိုမိုက်ပါတယ်။

မုန့်လင်မယား

Source: www.saveur.com

မိုးအေးအေးလေးနဲ့ မြန်မာ့ရိုးရာ Street Foods လေးဖြစ်တဲ့ မုန့်လင်မယားကိုသာ စားကြည့်လိုက်ပါ။ မုန့်လင်မယားပူပူလေးကို မိုးအေးနေတဲ့အချိန်မှာစားလိုက်ရင် အရင်ထက်ပိုအရသာရှိပြီး စားကောင်းစေပါတယ်။

ရှမ်းခေါက်ဆွဲ

Source: www.saveur.com

မိုးအေးအေးလေးနဲ့ ရှမ်းခေါက်ဆွဲပူပူလေးကို ဆိုင်မှာထိုင်စားရတဲ့ဖီးလ်က အရမ်းမိုက်ပါတယ်။ ရှမ်းခေါက်ဆွဲကြိုက်တဲ့သူတွေဆိုရင်တော့ မိုးအေးအေးလေးနဲ့ သွားစားလိုက်ပါ။

အကြော်စုံ

Source: www.mingalabarrestaurant.com

ကန်ဘောင်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် မိုးရွာနေတဲ့အချိန် ကန်ရေပြင်ကိုကြည့်ပြီး အကြော်ပူပူလေးကို ရေနွေးကြမ်းလေးသာ စားကြည့်လိုက်ပါ။ အရမ်းမိုက်ပါတယ်။

စမူစာသုပ်

Source: www.saveur.com

စမူစာသုပ်နဲ့ မိုးအေးအေးလေးနဲ့ ဘာလိုက်ဖက်လို့လဲဆိုပြီး မစဉ်းစားလိုက်ပါနဲ့။ စမူစာသုပ်ပူပူလေးကို အရည်လေးသောက်လိုက် စားလိုက်နဲ့ မိုးအေးနေတဲ့အချိန်ဆို အရမ်းမိုက်ပါတယ်။

မုန့်တီ

Source: www.myanmars.net

မိုးအေးနေတဲ့အချိန်မှာ စားလို့သောက်လို့အကောင်းဆုံးကတော့ မုန့်တီပါပဲ။ မုန့်တီဟင်းရည်ပူပူလေးကို ချဉ်ငံစပ်လေးစားကြည့်လိုက်ပါ။ အရင်ထက်ပိုစားလို့ကောင်းနေပါလိမ့်မယ်။