ပါဝင်ပစ္စည်းများ
- ပဲကြီး ၂၀ သား
- ကြက်သွန်နီကြော်
- နနွင်းမှုန့် အနည်းငယ်
- ဆား အနည်းငယ်
- ဆီ ၂ကျပ်သားခန့်
- ရေ
- ငရုတ်သီးခြောက် အတောင့်ကြော်
ပြုလုပ်နည်း
- အိုးထဲတွင် ပဲကြီး၊ နနွင်းမှုန့်၊ ဆီ၊ ဆား နှင့် ရေကို မြုပ်ရုံ ထည့်ပြီး မီးအေးအေးဖြင့် တည်ပါ။
- ပဲကြီး နူးအိ၍ ရေခမ်းလျင် အပေါ့အငံမြည်း၍ အရသာ အနေတော် ဖြစ်လျင် မီးဖိုပေါ်မှ ချပါ။
- ပန်းကန်ထဲတွင် ပဲကြီးနှပ်ကို ထည့်ပြီး အပေါ်မှ ကြက်သွန်နီကြော်ကို ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
- ငရုတ်သီးခြောက် အတောင့်ကြော် နှင့်လည်း တွဲဖက်၍ စားနိုင်ပါသည်။
- အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar