ပါဝင်ပစ္စည်းများ
- ကြက်ဟင်းခါးသီး – ၂ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
- ခနောကြက်သားမှုန့် – ၃ ဇွန်း လ္ဘက်ဇွန်း
- ပုစွန်ခြောက်မှုန့် – ၂ ဇွန်း စားပွဲဇွန်း
- နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
- အနှစ်လုပ်ရန် (Curry Paste)
- ကြက်သွန်ဖြူ ၃ မွှာ(ထောင်းထားပါ)
- ကြက်သွန်နီ ၂ ဥ (ထောင်းထားပါ)
- ဆီ ၂ ဇွန်း စားပွဲဇွန်း
- အရောင်တင်မှုန့် ၁ ဇွန်း လ္ဘက်ဇွန်း
- ငံပြာရည် ၁ ဇွန်း လ္ဘက်ဇွန်း
- နနွင်းမှုန့် ၁ ဇွန်း လ္ဘက်ဇွန်း
- ငပိစိမ်းစား ၁ ဇွန်းခွဲ လ္ဘက်ဇွန်း
ပြုလုပ်နည်း
- အကြော်ဒယ်အိုး ကြီးထဲ ဆီပူ အောင်မီးအနေတော်နှင့်တည်ပါ။ ဆီပူ လာလျှင် အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ၃-၄ မိနစ် လောက်ကြော်ပါ။ မကြာခဏမွှေပေးပါ။ ကြက်သွန် နွမ်းသည် အထိတည်ပါ။ အနံမွှေး လာသည် အထိတည်ပါ။
- အနှစ်အိုးထဲ ရေ အနည်းငယ် ထည့်ပါ။ ပြီးလျှင် နံနံပင်ကလွဲလို့ ကျန် ပါဝင်ပစ္စည်းများ ကို ထည့်ပါ။ အားလုံး နှံ့အောင် မွှေ ပြီး မီးပြင်းပြင်းဖြင့် ရေဆူသည် အထိတည်ပါ။ ရေခမ်းလာလျှင် နံနံပင်အုပ် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
Knorr