ကြက်ဟင်းခါးသီးက ခါးတဲ့အရသာရှိပေမယ့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်နော်။ ဒီလိုကြက်ဟင်းခါးသီးရဲ့ ခါးတဲ့အရသာကြောင့် မစားချင်ဘူးဆိုသူများအတွက် စားချင်စိတ်ဖြစ်အောင် အဆိမ့်လေးကြော်စားကြမယ်။
ပါဝင်ပစ္စည်းများ
- ထိုင်ဝမ်ကြက်ဟင်းခါးသီး
- ဆား
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငြုတ်သီးထောင်း
- ကြက်သားမှုန့်
- သကြားအနည်းငယ်
- ခရမ်းချဉ်သီး
- ကြက်ဥတစ်လုံး
ပြင်ဆင်ပြုလုပ်နည်း
- ထိုင်ဝမ်ကြက်ဟင်းခါးသီးကို ပါးပါးလှီး ဆားနဲ့၁၅မိနစ်လောက် နယ်ထားပါ။
- ရေ သို့မဟုတ် ဆန်ဆေးရေနဲ့ဆေးပြီး ညှစ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငြုတ်သီးတို့ကို ထောင်းထားပြီး ဆီသပ်၍ ကြက်ဟင်းခါးသီးထည့်ပါ။
- နွမ်းလာအောင်ကြော်ပါ။ ရေအနည်းငယ်ထည့်ပါ။ ဆားနဲ့နယ်ထားလို့ ဆားလျော့ထည့်ပါ။ ကြက်သားမှုန့်၊ သကြားအနည်းငယ်ထည့်ပါ။
- သကြားက အခါးပိုသက်သာစေပါတယ်။ ခရမ်းချဉ်သီး ပါးပါးလှီးထည့်ပါ။ ကြက်ဥတလုံး ထည့်မွှေပါ။ ဆီပြန်လာလျှင် သုံးဆောင်နိုင်ပါပြီ။
- ထိုင်ဝမ်သီးကတော့ အခါးသက်သာတယ် မြန်မာသီးကိုလည်း ဒီနည်းအတိုင်းကြော်လို့ရပါတယ်။ အခါးကို တပတ်၃ရက်လောက် စားပါလို့ ဆိုကြပါတယ်
Credit: ချက်မယ် စားမယ်