ဟင်းတစ်ခွက်ထဲနဲ့ အာဟာရ၊ အရသာပြီးပြည့်စုံပြီး စားပြီးခွန်အားပေးသော ဒီဟင်းပွဲလေးက အခုလိုမိုးရာသီနဲ့ အင်မတန်လိုက်ဖက်ပါတယ်။ ချက်စားကြည့်လိုက်နော် . . . ။
ပါဝင်ပစ္စည်းများ
- အာလူး – ၅ လုံး (အခွံခွာထားပါ)
- အမဲနံရိုး – ၇ဝဝ ဂရမ် (အနေတော် အတုံးလေးတွေတုံးထားပါ)
- ရှီတာကီမှိုခြောက် – ၃ ခု (ရေထဲစိမ်ထားပါ)
- ကိုရီးယားငရုတ်သီးစိမ်း အစိမ်း – ၅ တောင့်
- နေကြာဆီ – စားပွဲဇွန်း ၂ ဇွန်း ခွဲ
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ – ၄ တက် (ထုထားပါ)
- ငရုတ်သီးတောင့်
- (ချက်ရန်ဆော့စ်ပါဝင်ပစ္စည်း)
- အမဲသားပြုတ်ရည် – ၂ ခွက်
- ပဲငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
- ဆာကေ – စားပွဲဇွန်း ၂ ဇွန်း
- မီရင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် – အနည်းငယ် (အဖြူပိုင်း ပါးပါးအမျှင်လှီးထားပါ)
- သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
- အာလူးကို အနေတော် ပါးပါးအကွင်းတွေ လှီးထားပါ။ ရေစိမ်ထားပါ။ (ကော်ရည်များ ပါသွားအောင်) အမဲနံရိုးကို အတုံးနေတော်လေးတွေ တုံးထားပါ။ မှိုအရိုးတံဖယ်ပြီး လှီးထားပါ။ ငရုတ်သီးတောင့် အညှာခြွေထားပါ။
- အိုးထဲဆီထည့်ပြီး အပူပေးပါ။ အာလူး၊ အမဲသားထည့်ပြီး မီးပြင်းပြင်းဖြင့် ကြော်ပါ။ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူထည့်ပြီး ထပ်ကြော်ပါ။
- ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် အမဲပြုတ်ရည် တစ်ဝက်လောက် ခန်းတဲ့အထိတည်ပါ။ မှိုနဲ့ ငရုတ်သီစိမ်း ထည့်ပြီး မီးဖိုပေါ်မှချပါ။ နှမ်းဆီကို အိုးအတွင် ပတ်လည်ဆမ်းပါ။ ကြက်သွန်မြိတ်ဖြူဖြင့် စားခါနီး ဖြူးစားပါ။