မအားတဲ့ ကြားက ပြေးပြေးလွှားလွှားလေးနဲ့ လက်ပံခေါင်း ချဉ်ရည်ဟင်းလေး လာပို့ပါတယ်။ ချက်ရလွယ်သလောက် စားရတာ ကောင်းလွန်းလို့ ကြက်သား၊ ဝက်သားများနဲ့ မလဲနိူင်အောင်ပါ။ လက်ပံပင်လေးတွေက ကြွေကျနေတဲ့ အပွင့်တွေကို ကောက်ပြီး နေလှန်းကာ ချက်ထားတာပါ။ အင်မတန်စားလို့ ကောင်းတဲ့ လက်ပံခေါင်းဟင်းမို့ ကြုံတဲ့အခါ ချက်စားဖို့ ချက်နည်း မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- လက်ပံခေါင်းအခြောက် – ၁၀ ခု ေ
- ဂေါ်ရခါးသီး – တစ် ခြမ်း (ဗူးသီးနဲ့လဲ ချက်လို့ ရပါတယ်)
- ဂေါ်ဖီအကြမ်းဖတ် – ၂ ရွက်
- ပန်းဂေါ်ဖီ – ၃ ခက် (အခက်ကြီးကြီး)
- ပန်းဂေါ်ဖီအရိုး – ခပ်နုနု ၅ရိုး
- မုံလာဥနီ – တစ်ပိုင်း ( ဥကြီးကြီး)
- ခရမ်းချဉ်သီး – တစ်လုံး
- ပုဇွန်ထုတ် – ၅ ကောင်
- မကျီးသီးမှည့် – ကွမ်းသီးဆံအလုံးလောက်
- ဆား – တဇွန်း (လက်ဖက်ရည်ဇွန်း)
- နနွင်းမှုန့် – အနည်းငယ်
- ဆီ – စ်ဇွန်း (ထမင်းစားဇွန်း)
- ငံပြာရည် – တစ်ဇွန်း (ထမင်းစားဇွန်း)
- အရသာမှုန့် – တစ်ဇွန်း (လက်ဖက်ရည်ဇွန်း )
- ငရုတ်သီးမှုန့် – တစ်ဇွန်း (လက်ဖက်ရည်ဇွန်း )
- ကြက်သွန်ဖြူ – ၂ မွှာ (အမွှာကြီးကြီး)
- ကြက်သွန်နီ – တစ်ဥ
- ဂျင်း – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
လက်ပံခေါင်း အခြောက်ကို မချက်ခင် နာရီဝက်လောက် ရေစိမ်ထားပါ။ မကျီးသီး အမှည့်ကိုလဲ ရေစင်အောင် ဆေးပြီး ရေစိမ်ထားပါ။ ငရုတ်သီးမှုန့်ကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းတို့ကို အခွံခွာပြီး ထောင်းထားပါ ။
ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းထဲမှ အမဲအိတ်နှင့် ကြောဘက်မှ အမဲကြောင်း တို့ကို ထုတ်ထားပါ။ ဂေါ်ဖီ ၊ ဂေါ်ရခါးသီး ၊ မုံလာဥနီ ၊ ပန်းဂေါ်ဖီ ၊ ပန်းဂေါ်ဖီ အရိုး ၊ ခရမ်းချဉ်သီး တို့ကို ရေစင်အောင် ဆေးကာ သင့်သလို လှီးပြီး လက်ပံခေါင်းများနှင့် အတူ ဆား ၊ ငံပြာရည် ၊ အရသာမှုန့် ၊ နနွင်းမှုန့်တို့ကို အိုးတစ်လုံးထဲ ထည့်ပါ ။
ထိုအထဲသို့ ပုဇွန်နှင့် ငရုတ်သီးထောင်း ၊ ဆီတို့ ထည့်ကာ နယ်ပေးပါ။ နယ်ပြီးပါက အရည်အနည်းငယ် ထည့်ကာ အိုးအဖုံးအုပ်ပြီး ဆူအောင်တည်ပေးပါ။ ရေဆူပြီး အရွက်များ နူးလာပါက အဖုံးဖွင့်ပြီး မွှေကာ ရေလိုသလောက် ထည့်ပြီး ဆူအောင် ထပ်တည်ပါ ။
ရေဆူလာပါက မကျီးရည် ထည့်ကာ အရသာ မြည်းပြီး လိုအပ် သလို ပြင်ပေးကာ ရေပွက်ပွက် ဆူလာရင် လက်ပံခေါင်း ချဉ်ရည်ဟင်းပူပူ ရပါပြီ ။
Credit: Mar Mar Lwin