ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက်ရည်ရွယ်၍ BreadTalk Myanmar မှ အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမည့် တီထွင်ဆန်းသစ်ထားသော ချောကလက် ပေါင်မုန့်၊ ကိတ်မုန့်နှင့် အစာသွပ်မုန့်များအား စတင်မိတ်ဆက်ခဲ့ပါသည်။ ‘Chocolate Series’ ဟု အမည်ပေးထားသည့် အရသာထူးခြားကောင်းမွန်သော ချောကလက်မုန့်များကို BreadTalk ၏ ဆိုင်ခွဲများဖြစ်သော Junction City နှင့် Junction Square အနီးရှိ Crystal Tower ဆိုင်ခွဲများတွင် ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၇ ခုနှစ်မှ ဇန်န၀ါရီလ ၂၅ ရက်၊ ၂၁၀၈ ခုနှစ်အထိသာ ရောင်းချသွားမည် ဖြစ်ပါသည်။

နှစ်တစ်နှစ်၏ ထူးခြားသောအချိန်ကာလများတွင် စားသုံးသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆန်းသစ်မှုများကို အစဉ်အမြဲ မိတ်ဆက်ပေးလေ့ရှိသော အမှတ်တံဆိပ်တစ်ခုအနေဖြင့် BreadTalk ၏ Chocolate Series သည် ပွဲတော်ရာသီအတွက် အသင့်တော်ဆုံးဖြစ်သည့်အပြင် ချောကလက်ချစ်သူများအတွက် ထူးခြားကောင်းမွန်သော အရသာများ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ Chocolate Series မုန့်များကို BreadTalk ၏ ကိုယ်ပိုင် ထိပ်တန်းစားဖိုမှူးများက ကမ္ဘာ့အဆင့်မီ ချောကလက်များထုတ်လုပ်ရာတွင် နာမည်ကျော်ကြားသည့် ဘယ်လ်ဂျီယံနိုင်ငံမှ တင်သွင်းထားသော အရည်အသွေးမြင့် ချောကလက်အမျိုးမျိုးဖြင့်သာ ဖန်တီးပြုလုပ်ထားပါသည်။ ထိုအချက်မှာ BreadTalk ဆိုင်များတွင် အလတ်ဆတ်ဆုံး၊ အရည်သွေးအမြင့်ဆုံးနှင့် ကျန်းမာရေးအတွက် အထောက်အကူပြု အစားအသောက်များကိုသာ ရောင်းချပေးနိုင်ရန် အကောင်းဆုံးကုန်ကြမ်းများကို ထည့်သွင်းအသုံးပြုထားကြောင်း သိသာစေသည့် အချက်တစ်ခုဖြစ်ပါသည်။

“ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကာလ ရောက်လာပြီဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ စားသုံးသူတွေနဲ့ ချောကလက်ချစ်သူတွေအတွက် BreadTalk က Chocolate Series ကို မိတ်ဆက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ချောကလက်ဆိုတာ လူတိုင်း စွဲမက်စွာ စားသုံးလေ့ရှိတဲ့ အစားအစာတစ်ခုဖြစ်ပြီး သူ့ကို ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အစာသွပ်မုန့်တွေမှာ ထည့်ပေးလိုက်တဲ့အခါ အသက်အရွယ်မရွေး ပျော်ရွှင်ကျေနပ်စွာ စားသုံးကြတာကို တွေ့ရပါတယ်။ စားသုံးသူတွေ၊ အထူးသဖြင့် ချောကလက်ကို ကြိုက်နှစ်သက်တဲ့သူတွေ အားလုံးကို ကျွန်မတို့ရဲ့ အရေအတွက် ကန့်သတ်ပြီး ရောင်းချသွားမယ့် Chocolate Series မုန့်တွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ကျွန်မတို့ရဲ့ ချောကလက်ကိတ်တွေက မိသားစုတွေနဲ့ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မှာပါ” ဟု BreadTalk Myanmar မှ Marketing Manager ဖြစ်သူ ဒေါ်ဆုမြတ်နိုးက ပြောသည်။ 

CHOCOLATE SERIES မုန့်မျိုးစုံ

အရေအတွက် ကန့်သတ်ထားသော Chocolate Series မုန့်များကို BreadTalk ဆိုင်ခွဲများရှိသော နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ သုံးနိုင်ငံတွင်သာ မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

ချိုဆိမ့်မွှေးပျံ့သော ချောကလက် အဖြူနှင့်အမည်းတို့ ရောစပ်ထားသည့် ချစ်စဖွယ် Cocoa Teddy ကို ၁,၅၀၀ ကျပ်ဖြင့် လည်းကောင်း၊ ပေါင်မုန့်သားအချိုဖြင့် ဖုံးလွှမ်းပေးထားပြီး ကိုယ်ပိုင်ပြုလုပ်နည်းဖြင့် ဖန်တီးထားသည့် ချောကလက်ခရင်မ်ချိစ်ကို ၁,၅၀၀ ကျပ်ဖြင့် လည်းကောင်း ၀ယ်ယူရရှိနိုင်ပါသည်။

ချောကလက်ချစ်သူများ အကြိုက်တွေစေမည့် Choc Aleck ကို (၁,၅၀၀ ကျပ်) ကို နူးညံသော ပေါင်ဒါမှုန့်လေးများဖြူးထားသော ပေါင်မုန့်သားတွင် ချောကလက်အဆီအနှစ်အပြည့်ထည့်ပြီး ဖန်တီးပြုလုပ်ထားပါသည်။

ဝယ်ယူအားပေးသူများအတွက် အထူးအစီအစဉ်အဖြစ် Cocoa Teddy၊ Chocolate Cream Cheese နှင့် Choc Aleck သုံးမျိုးဝယ်ယူပါက ၃,၉၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

နူးညံ့သည့် ခေါင်းအုံးပေါင်မုန့်လေးပေါ်တွင် ချော့မွေ့အိစက်သည့် ချောကလက်အနှစ်အပြည့် ဖုံးအုပ်ထားသော Chocolate Ganache (၁,၄၀၀ ကျပ်)နှင့် ချောကလက်တုံးလေးများနှင့် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော ပေါင်မုန့်လုံး Chocolate Toast (၃,၉၀၀ ကျပ်) ကိုလည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ချောကလက်ချစ်သူများအတွက် နူးညံ့သည့် ချောကလက်ချီဖွန်ကိတ်သားကို အတွင်းတွင် ချောကလက်အနှစ်ဖြင့် ပြုလုပ်ထားသော Chocolate Heaven၊ ချော့ကလက်အနှစ်များဖြင့် ဖုံးအုပ်ထားပြီး ကိတ်ပေါ်တွင် ချယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ အသီးလေးများ၊ ချောကလက် macaroon လေးများကိုပါ ထည့်ပေးထားသည့် Boston Chocolate၊ နှင့် ချောကလက်မွမွလေး တစ်ကိုက်စာ စားလိုက်ချိန်တွင် လတ်ဆတ်သည့် စတော်ဘယ်ရီသီး အရသာလေးကိုပါ ခံစားရမည့် Chocolatae Soufflé စသည့် ကိတ်အမျိုးအစား ၃ မျိုးကို တစ်မျိုးလျှင်၃၉,၈၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။ အထူးအစီအစဉ်အနေဖြင့် Chocolate Series ကိတ် ၃ မျိုးမှ တစ်မျိုးဝယ်ယူသူတိုင်း ၃,၀၀၀ ကျပ်တန် BreadTalk မေတ္တာလက်ဆောင် ဈေးဝယ်ကတ် ရရှိနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ် ဆုပေးပွဲကြီးတွင် BreadTalk မှ တစ်နှစ်တာအတွက် အကောင်းဆုံး အမှတ်တံဆိပ် ‘BRAND OF THE YEAR’ ဆုကြီးဆွတ်ခူး

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ၊ လန်ဒန်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ် ဆုပေးပွဲတွင် BreadTalk မှ ၄င်း၏လုပ်ငန်းနယ်ပယ်တွင် အကောင်းဆုံး ၀န်ဆောင်မှုပေးအပ်နိုင်ခြင်းကြောင့် ကျော်ကြားမှုရရှိလာသည့်အပေါ် ဂုဏ်ပြုသောအားဖြင့် တစ်နှစ်တာအတွက် အကောင်းဆုံး အမှတ်တံဆိပ် ‘BRAND OF THE YEAR’ ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ BreadTalk သည် ကမ္ဘာတစ်ဝန်း မြင့်မားသောစွမ်းဆောင်ရည်ရှိ ပေါင်မုန့်ထုတ်လုပ်ရောင်းချသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် စင်ကာပူနိုင်ငံသားပိုင် အမှတ်တံဆိပ်ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် မုန့်ဖုတ်လုပ်ငန်းတစ်ခုအဖြစ် သုံးနှစ်ဆက်တိုက် အသိအမှတ်ပြုခံခဲ့ရသည်။

၂၀၀၀ ခုနှစ်မှ စတင်ပြီး စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ရောင်းချခဲ့သော BreadTalk သည် အရသာကောင်းမွန် ပြည့်စုံပြီး လတ်ဆတ်သည့် ပေါင်မုန့်၊ကိတ်မုန့်အမျိုးအစားများစွာ ရရှိနိုင်သောကြောင့် လူသိများ ထင်ရှားလာခဲ့သည်။ BreadTalk သည် စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံသည် BreadTalk ဆိုင်ခွဲများ ဖွင့်လှစ်သည့် နိုင်ငံများထဲတွင် ၁၇ နိုင်ငံမြောက်ဖြစ်သည်။ အာရှတစ်ဝန်းရှိ လူရာထောင်ပေါင်းများစွာတို့သည် BreadTalk မှ ပေါင်မုန့်နှင့် ကိတ်မုန့်များကို နေ့စဉ်နေ့တိုင်း သဘောကျနှစ်ခြိုက်စွာ စားသုံးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော BreadTalk နှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက BreadTalk Myanmar ၏ Facebook စာမျက်နှာဖြစ်သော https://www.facebook.com/breadtalkmyanmar တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။