Breakfast ကို အခုလို လွယ်ကူပြီး စိတ်ဝင်စားစရာ ကောင်းတာလေးကို ခင်ပွန်းသည် (သို့) ဇနီး ၊ မိသားစု သူငယ်ချင်းကိုသာ လုပ်ကျွေးလိုက်မယ်ဆိုရင် တနေ့လုံး အရာသာလေးကို တွေးရင် ပြုံးတစ်ရာဆင့်လို့ ကျေးဇူးတင် မဆုံးပဲ နေမှာပါ ။ အဟာရဓာတ်တွေလဲ မျှတစွာ ပါဝင်တဲ့ အတွက် မနက်စာလေးများ စားလိုက် လျှင် တနေ့တာ အတွက် အဟာရ ဖြစ်စေသော မစည် ရဲ့ Cheesy Lover Scramble Egg with Mint Tomato Salsa လေးကို လုပ်ကျွေး ကြည့်လိုက်နော်………..
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၂ လုံး (ခေါက်ထားပါ နွားနို့နဲ့ )
- နွားနို့ – ၅ ဇွန်း (စားပွဲဇွန်း)
- ပင်လယ်ဆား – နည်းနည်း
- ငရုပ်ကောင်းမှုန့် အမည်း – နည်းနည်း
- Mix Herbs – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- Whole Grain Brown Bread – ၂ ချပ် (မီးကင်ထားပြီး butter သုပ်ပြီး)
- Beqa cheese – ၂ ချပ် (Parmesan cheese မှုန့်သုံးရင် ပိုကောင်းပါတယ်)
- သံလွင်ဆီ – ၁ ဇွန်း (စားပွဲဇွန်း)
ချက်ပြုတ်နည်း
- မကပ်သော အိုးထဲသို့ သံလွင်ဆီထည့်ပါ။
- ဆီပူလာလျှင် ကြက်ဥ နဲ့ နွားနို့ ခေါက်ထားတာကို ထဲ့ပေးပါ ။ မီးအပူချိန် အနေတော်ထားပါ ။ အဆက်မပျက် မွှေပေးပါ ။
- ကြက်ဥ အရမ်း မကြက်ခင်မှာ ကျန်ပစ္စည်းများကို ထဲ့ပါ ။ မြန်မြန်မွှေဖို့ လိုပါတယ် ။
- ပေါင်မုန့်ပေါ် တင်စားလို့ရသလို ဒီအတိုင်းလဲ စားလို့ရပါတယ် ။ နှစ်သက်ရာ salsa နဲ့ တွဲစားလို့လဲ ရပါတယ် ။ မစည် ကတော့ Spicy Mint Tomato Salsa နဲ့ တွဲစားတာ အရသာတမျိုး ထူးပြီး လိုက်ဖက်ညီသော အတွဲမို့ အမြဲ တွဲစားပါတယ် ။ Mango Mint Salsa နဲ့ လဲ လိုက်ဖက်ပါတယ် ။