Breakfast ကို အခုလို လွယ်ကူပြီး စိတ်ဝင်စားစရာ ကောင်းတာလေးကို ခင်ပွန်းသည် (သို့) ဇနီး ၊ မိသားစု သူငယ်ချင်းကိုသာ လုပ်ကျွေးလိုက်မယ်ဆိုရင် တနေ့လုံး အရာသာလေးကို တွေးရင် ပြုံးတစ်ရာဆင့်လို့ ကျေးဇူးတင် မဆုံးပဲ နေမှာပါ ။  အဟာရဓာတ်တွေလဲ မျှတစွာ ပါဝင်တဲ့ အတွက် မနက်စာလေးများ စားလိုက် လျှင် တနေ့တာ အတွက် အဟာရ ဖြစ်စေသော မစည် ရဲ့ Cheesy Lover Scramble Egg with Mint Tomato Salsa လေးကို လုပ်ကျွေး ကြည့်လိုက်နော်………..

ပါဝင်ပစ္စည်းများ

  • ကြက်ဥ  –  ၂ လုံး (ခေါက်ထားပါ နွားနို့နဲ့ )
  •  နွားနို့  –  ၅ ဇွန်း (စားပွဲဇွန်း)
  • ပင်လယ်ဆား  –   နည်းနည်း
  • ငရုပ်ကောင်းမှုန့် အမည်း  –  နည်းနည်း
  • Mix Herbs   –  ၁ ဇွန်း  (လက်ဖက်ရည်ဇွန်း)
  • Whole Grain Brown Bread  –  ၂ ချပ် (မီးကင်ထားပြီး butter သုပ်ပြီး)
  • Beqa cheese  –  ၂ ချပ် (Parmesan cheese မှုန့်သုံးရင် ပိုကောင်းပါတယ်)
  • သံလွင်ဆီ  – ၁ ဇွန်း (စားပွဲဇွန်း)

ချက်ပြုတ်နည်း

  1. မကပ်သော အိုးထဲသို့ သံလွင်ဆီထည့်ပါ။
  2. ဆီပူလာလျှင် ကြက်ဥ နဲ့ နွားနို့ ခေါက်ထားတာကို ထဲ့ပေးပါ ။  မီးအပူချိန် အနေတော်ထားပါ ။  အဆက်မပျက် မွှေပေးပါ ။
  3. ကြက်ဥ အရမ်း မကြက်ခင်မှာ ကျန်ပစ္စည်းများကို ထဲ့ပါ ။  မြန်မြန်မွှေဖို့ လိုပါတယ် ။
  4. ပေါင်မုန့်ပေါ် တင်စားလို့ရသလို ဒီအတိုင်းလဲ စားလို့ရပါတယ် ။  နှစ်သက်ရာ salsa နဲ့ တွဲစားလို့လဲ ရပါတယ် ။ မစည် ကတော့ Spicy Mint Tomato Salsa နဲ့ တွဲစားတာ အရသာတမျိုး ထူးပြီး လိုက်ဖက်ညီသော အတွဲမို့ အမြဲ တွဲစားပါတယ် ။  Mango Mint Salsa နဲ့ လဲ လိုက်ဖက်ပါတယ် ။