အတော်ဆုံး Celebrity Chef လည်းဖြစ် Presenter Chef  U Sunny ရဲ့ စားသောက်ဆိုင်ကို ထောက်ကြံ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ U Sunny ရဲ့ Recipe တွေ ဟင်းချက်နည်းတွေကို MyFood Myanmar Page မှာ တင်ပေးရင်း ရင်းနှီးတော့ အရင်တစ်ပတ်သောကြာနေ့က ဆိုင်ဖွင့်ပွဲလေး တက်ဖြစ်တယ်။

နိုင်ငံကျော် စားဖိုမှုးကြီး U Sunny 

U Sunny အကြောင်းကို ပြောရရင် သူက မြန်မာလူမျိုး၊ ဗုဒ္ဓ္ဓဘာသာဖြစ်ပြီး စင်ကာပူနိုင်ငံရှိ စားသောက်ဆိုင်များတွင် စားဖိုမှူးတာဝန်များ ဆောင်ရွက်ခဲ့ဖူးပါတယ်။ အရသာကောင်းမွန်သော နိုင်ငံတကာ အစားအသောက်များကို ချက်ပြုတ်ပြင်ဆင်တတ်ရုံမက TV အစီအစဉ်နှင့် အခြား ကြော်ငြာ၊ Promotion ပွဲတိုင်းတွင် Presenter Chef တစ်ဦး အဖြစ် တွေ့မြင်တဲ့ လေးစားစရာကောင်းသော Chef တစ်ဦးဖြစ်တယ်။ ကျွန်တော် လေးစားရတဲ့ နိုင်ငံတကာအဆင့်ရှိ စားဖိုးမှုးတစ်ဦးပေါ့ဗျာ။

Bar and Restaurant အကြောင်း

U Sunnyရဲ့ စားသောက်ဆိုင်ကို ရန်ကုန်၊ မန္တလေးသွားကားလမ်းမပေါ်ရှိ ထောက်ကြံ့ဘက်မှာ ဖွင့်ထားတာပါ။ လိပ်စာအပြည့်အစုံကတော့ No.34, Yagon Mandalay Road, Mingaladon Township, Yangon ပါ။ ဖုန်းနံပါတ်ကတော့ 09 977 353862 ဖြစ်ပါတယ်။ ရန်ကုန်ုကနေ ဆိုရင်တော့ ၂နာရီလောက်တော့ ကားစီးရတယ်ဗျ။ ရန်ကုန် မြို့ပြ ကနေ ဝေးတဲ့ တစ်နေရာမှာ သောက်စရာ စားစရာ အကောင်းစားတွေနဲ့ ငြိမ့်ချင်တွေသူတွေ အတွက်တော့ အံကိုက်ပဲပေါ့ခင်မျာ။

အဲက ချက်ပြုတ်တဲ့ သူတွေကလည်း ဦး Sunny ဖွင့်ထားတဲ့ MCDC (Myanmar Chef Development) ကျောင်းဆင်းတွေပဲဆိုတော့ ၀န်ဆောင်မှုနဲ့ အရသာကတော့ တွေးစရာကို မလိုတာ။ ကောင်းင်္ပီးသား။ ကဲ အစားနဲံ့ အသောက်ဘက်ကို သွားကြည့်ရအောင်ဗျား။

အစားအသောက်နှင့် မီနူး 

စားဖိုမှုးကြီး ကိုယ်တိုင်ဦးစီး ဖွင့်လှစ်ထားတာဆိုတော့ အစားအသောက်တွေကတော့ ပြောစရာမလိုပါဘူး။ သိုးသား ဘဲသား ၀က်သား နိုင်ငံတကာ ဟင်းလျာမျိုးစုံ ရရှိနိုင်ပြီး ဈေးနှုန်းကလည်း ဒီရန်ကုန်မြို့တွင်းက ဆိုင်တွေထက် ပိုသက်သာတာကို တွေ့ရတယ်။ ကိုယ်တွေကတော့ ဖွင့်ပွဲနေ့က အလကား ကြိတ်ခဲ့ ရသည်ပေါ့။ မီနူးမျိုးစုံရလို့လည်း အစားအသောက်ကတော့ တကယ့်ကို စပယ်ရှယ်ပဲဗျာ။ လူကြီးမင်းတို့ ဘယ်သူမဆို သဘောခွေ့မှာမလွဲပဲ။

Bar

Bar and Restaurant ဆိုတဲ့ အတိုင်း စားသောက်ဆိုင်အတွင်းဘက်မှာ တကယ့်ကို Country ဒီဇိုင်းပြင်ဆင်ထားတဲ့ Bar မှာ အေးအေးလူလူ ခမ်းခမ်းနားနား သောက်နိုင်တယ်ဗျာ။ အဲနေ့က ဦး Sunny အထူး စပယ်ရှယ်ဖျော်ထားတဲ့ ကော့တေးကတော့ အကောင်းဆုံးပဲ။ အသီးတွေနဲ့ ရောစပ်ထားတာ လျာမှာစွဲသွားတာပဲ။ ကော့တေးမျိုးစုံရရှိနိုင်တယ်။ ဘီယာနှင့် အခြား ယမကာတွေလည်း အစုံရှိပါတယ်။ ဈေးနှုန်းတွေကလည်း သင့်တင့်တာထက် ဈေးချိုတယ်လို့ ပြောရမှာပေါ့ဗျာ။

ဆိုင်အပြင်အဆင်

အစားအသောက်ပိုင်းပြီးတော့ ဆိုင်အပြင်အဆင်ပေါ့။ သဘောအကျဆုံးကတော့ Bar ပဲ။ သားရေပုံစံတွေနဲ့ လုံးဝ Country စတိုင်။ ဓာတ်ပုံရိုက်မလား Selfie ဆွဲမလား။ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ အရှေ့မှာဆိုလည်း မီးလုံးလေးတွေနဲ့ ပုသိမ်ထီးလေးတွေနဲ့ အလှဆင်ထားတာ အဲကို ရောက်တာနဲ့ နတ်ပြည်ရောက်သွားသလိုပဲဗျာ။ မယုံမရှိနဲ့။

အဲနေ့ကတော့ နာမည်ကြော်တီးဝိုင်လေးနဲ့ ဖွင့်လှစ်လိုက်ပြီး လာစားတဲ့ ဧည့်သည်တွေကတော့ ၀င်လာမစဲ တသဲသဲပါဗျာ။

အကြိုက်ဆုံး အကောင်းစား အစားအသောက်တွေ အမျိုးအစားစုံလင်တဲ့ ယမကာတွေ ခမ်းနားလှတဲ့ ဆိုင်အပြင်အဆင် ချိုသာတဲ့ ဈေးနှုန်း မြို့ပြနဲ့ ကင်းဝေးတဲ့ နိဗာန်လေးတစ်ခု ကဲ ဘာလိုသေးလဲဗျာ။

ဝေးလည်း အရောက်သာ သွားပေးတော့ ဗျို့ ။ နောင်တမရစေရဘူး အာမခံတယ်။ ထောက်ကြံ့မှာနေတဲ့ သူတွေအတွက်တော့ အတော်အဆင်ပြေတယ်လို့ ပြောရမှာပေါ့။

မရောက်ဖူးသူတို့လည်းသွားကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်။