တခါတလေအချိန်မှာ ထမင်းနဲ့ဟင်းစားချင်စိတ်မရှိတာ ဖြစ်တတ်ပါတယ်နော်။ ဒီလိုအချိန်တွေမှာ ကြက်အသဲအမြစ် အရိုးသုတ်လေးက ခံတွင်းလိုက်စေမှာပါ။ တခါတလေ ဆိုင်မရှိလို့ မစားရတာမဖြစ်ရအောင် အခုပဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်လို့ အိမ်မှာ အိမ်သားတွေနဲ့အတူ ချက်စားလိုက်ကြပါနော်။
ပါဝင်ပစ္စည်း
- ကြက်သား
- ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်)
- ကြက်အူ
- အသဲ အမြစ်
- ခရမ်းချဉ်သီး (မထူမပါး လှီးထားပါ)
- ဂေါ်ဖီ (ပါးပါးလှီးထားပါ)
- သခွါးသီး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ (ပါးပါးလှီးထားပါ)
- ငရုပ်သီးစိမ်း (ပါးပါးလှီးထားပါ)
- ငရုပ်သီးအမှုန့်
- သံပုရာသီး
- ့ပဲမှုန့်
- ပူတီနံ
- နံနံပင်
- ဆနွင်း
- ဆား
- ခေါက်ဆွဲ
ပြုလုပ်နည်း
- ကြက်သား ၊ အမြစ် ကို ရေဆေး ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ်ပြီး နူးခံနီးတွင် အသဲကို ထဲ့ပြီး တအိုးထဲတွင် နူးသည်အထိ ပြုတ်ပြီး အအေးခံ ထားပါ။
- ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်) ရေဆေးပြီး ဆား၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ပြီး အအေးခံထားပါ။ ပဲမှုန့် အစိမ်းကို ဆား ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ။
- ကြက်ပြုတ်ထားသည့် ကြက်ပြုတ်ရည်ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ။ ပဲအစိမ်းနံ့ ပျောက်အောင် ကျိုပါ။ အနည်းငယ် ဆူပွက်လာရင် ရပါပြီ။
- စားတော့မည် ဆိုလျင် မိမိနှစ်သက်ရာ ကြက်သား ၊ ကြက်ရိုး ၊ အသဲအမြစ် ကို အနေတော် လှီး၍ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်သီးအမှုန့်၊ ပူတီနံ အစရှိသည့် မိမိ ကြိုက်နှစ်သက်သည့် အဆာပလာများ ထည့်ပြီး သံပုရာညှစ်၊ ထည့်ပြီး ချဉ်စပ် သုပ်စားပါ။
- အိမ်က ကလေးများက ခေါက်ဆွဲပါ ထည့်၍ သုတ်ရသည်ကို နှစ်သက်၍ ခေါက်ဆွဲပါ ထည့်ထားပါသည်။
MyFood Myanmar