ပါဝင်ပစ္စည်းများ
ကြက်ရင်အုပ် – ၃၀ ကျပ်သား
ကြက်သွန်နီ – ၄ လုံး
ကြက်သွန်ဖြူ – ၃ မွှာ
ဆီ – စားပွဲတင်စွန်း ၅ စွန်းခွဲ
နနွင်းမှုန့် – လက်ဖက်စွန်း ၁ စွန်းခွဲ
ချင်း – ၂ စင်တီမီတာ
ငရုပ်သီးမှုန့် – စားပွဲတင်စွန်း ၁စွန်း
အရောင်တင်ပန်းငရုတ်မှုန့် – လက်ဖက်စွန်း ၁ စွန်းခွဲ
ငံပြာရည် – လက်ဖက်စွန်း ၁စွန်း
ရေသန့် – ၂ ခွက်
ခနော ကြက်သားမှုန့် – လက်ဖက်စွန်း ၂ စွန်းခွဲ
ဆား – လက်ဖက်စွန်း ၂ စွန်း
ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
ကြက်သား ၃၀ကျပ်သားကို အနေတော်အတုံးလေးတွေ တုံးပါ။ ပြီးလျှင်ကြက်သားကို ခနောကြက်သားမှုန့်လက်ဖက်စွန်း ၁စွန်းခွဲထည့်ပြီး နှယ်ပါ။ ၁၅ မိနစ်လောက်နှပ်ထားပါ။ ဟင်းအနှစ်ပြုလုပ်ဖို့ကတော့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို နှပ်နှပ်စဉ်းထားရပါမယ်။
ပြီးသွားရင်တော့ ဆီ ထည့်ပါမယ်။ ဆီပူလာရင်တော့ ချင်းကို ထည့်ပြီး မိနစ်ဝက်ခန့်ထားပါမယ်။ ပြီးရင်တော့ နနွင်းမှုန့်ထည့်ပြီးမွှေပါမယ်။ ချင်းလေးပျော့သွားပြီဆိုရင်တော့ နှပ်နှပ်ဆင်းထားတာတွေ ထည့်ပြီးမွှေပေးပါ။ ပြီးသွားရင်တော့ ငရုပ်သီးမှုန့် ၊ အရောင်တင်ပန်းငရုပ်မှုန့် ၊ ငံပြာရည် ပြီးလျင်ဆားထည့်ပြီး မိနစ်ဝက်ခန့်ထားပါ။
နောက်ဆုံးအဆင့် အနေနဲ့ ခနောကြက်သားမှုန့်နဲ့ နှယ်ထားပြီးနှပ်ထားတဲ့ ကြက်သားကိုထည့်ပြီး ဟင်းအနှစ်နဲ့ အတူ သမအောင်မွှေပေးပါ။ ပြီးလျှင် ခနောကြက်သားမှုန့် ထပ်ထည့်ပြီး ရေခမ်းပြီး ဟင်းအနှစ် ဆီပြန်လာတဲ့အထိချက်ပါ။ ဆီပြန်လာပြီ ဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကြက်သားဆီပြန်ချက်ကို တည်ခင်းနိုင်ပါပြီ။
Knorr