ဒီမနက် ဈေးသွားတော့ လတ်ဆတ်နေတဲ့ ကြက်အချင်းတိုင်နဲ့ ဥဒိန် ကိုတွေ့လိုက်တော့ ဆီပြန်မဆလာချက်လေးချက်လိုက်ရရင်တော့ ကောင်းမှာဘဲလို့ အတွေးဝင်သွားတာနဲ့ ချက်ဖြစ်လိုက်လို့ ချက်နည်းလေးပြန်ဝေမျှလိုက်ပါတယ်နော် ။)
ပါဝင်ပစ္စည်းများ
- ကြက်သား – ၄၀သားခန့်
- ငရုပ်ပုသီး – ၄တောင့်
- ကြက်သွန်နီ – ၃ဥ
- ကြက်သွန်ဖြူ – ၂တက်
- ဂျင်းလက်တစ်ဆစ်ခန့် – ၁တုံး
- နနွင်းမှုန့် – ၁ဇွန်း (လက်ဖက်ဇွန်း)
- ဆား – ထမင်းစားဇွန်းဝက်
- ဟင်းခတ်မှူန့် – ၁ဇွန်း (လက်ဖက်ဇွန်း)
- မဆလာ – တစ်ထုပ် (အထုပ်သေး)
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားများကို ဆေးကြောသန့်စင်ပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှူန့်တို့ဖြင့် နယ်ထားပါ။
- ငရုပ်ပုသီးကို ရေစိမ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ညှက်အောင် ရောထောင်းထားပါ။
- ဒယ်အိုးထဲ ဆီထည့်ပြီး ထောင်းထားတဲ့ ငရုပ်သီးအနှစ်များကို မွှေးနေအောင် ဆီသတ်ပါ။ ပြီးရင် ကြက်သားထည့်ကြော်ပါ။ ရေစစ်ပြီး ခြောက်အောင်ကြော်ပြီး ရေအမြုပ်ထည့်ကာ အဖုံးပိတ်ပြီး ဆီပြန်တဲ့ထိထားကာ မဆလာမွှေးမွှေးအုပ်ပြီး မီးပိတ် စားသုံးနိုင်ပါပြီ။
Credit: Thida Lay Lay