ဒီမနက် ဈေးသွားတော့ လတ်ဆတ်နေတဲ့ ကြက်အချင်းတိုင်နဲ့ ဥဒိန် ကိုတွေ့လိုက်တော့ ဆီပြန်မဆလာချက်လေးချက်လိုက်ရရင်တော့ ကောင်းမှာဘဲလို့ အတွေးဝင်သွားတာနဲ့ ချက်ဖြစ်လိုက်လို့ ချက်နည်းလေးပြန်ဝေမျှလိုက်ပါတယ်နော် ။)

ပါဝင်ပစ္စည်းများ

  • ကြက်သား – ၄၀သားခန့်
  • ငရုပ်ပုသီး – ၄တောင့်
  • ကြက်သွန်နီ – ၃ဥ
  • ကြက်သွန်ဖြူ – ၂တက်
  • ဂျင်းလက်တစ်ဆစ်ခန့် – ၁တုံး
  • နနွင်းမှုန့် – ၁ဇွန်း (လက်ဖက်ဇွန်း)
  • ဆား – ထမင်းစားဇွန်းဝက်
  • ဟင်းခတ်မှူန့် – ၁ဇွန်း (လက်ဖက်ဇွန်း)
  • မဆလာ – တစ်ထုပ် (အထုပ်သေး)

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားများကို ဆေးကြောသန့်စင်ပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှူန့်တို့ဖြင့် နယ်ထားပါ။
  2. ငရုပ်ပုသီးကို ရေစိမ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ညှက်အောင် ရောထောင်းထားပါ။
  3. ဒယ်အိုးထဲ ဆီထည့်ပြီး ထောင်းထားတဲ့ ငရုပ်သီးအနှစ်များကို မွှေးနေအောင် ဆီသတ်ပါ။ ပြီးရင် ကြက်သားထည့်ကြော်ပါ။ ရေစစ်ပြီး ခြောက်အောင်ကြော်ပြီး ရေအမြုပ်ထည့်ကာ အဖုံးပိတ်ပြီး ဆီပြန်တဲ့ထိထားကာ မဆလာမွှေးမွှေးအုပ်ပြီး မီးပိတ် စားသုံးနိုင်ပါပြီ။

Credit: Thida Lay Lay