အားလုံးပဲ မင်္ဂလာပါ။ ကော်ပြန့်လို့ဆိုလိုက်တာနဲ့ ကြော်လည်းစားသလို ကော်ပြန့်စိမ်းဆိုပြီးတော့လည်း စားတတ်ကြတာကို သတိရမိမှာပါ။ ဒီတစ်ခါမှာတော့ ဝက်သားကိုမစားကြသူများအနေနဲ့ ကြက်သားလေးနဲ့ ကော်ပြန့်စိမ်းလုပ်စားလို့ရအောင် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကော်ပြန့်ရွက် – ၂၀ရွက် နှင့် ကြက်ရင်ပုံသား – ၅ ကျပ်သား
  • ပဲပင်ပေါက် – ၅ကျပ်သား
  • ဂေါ်ဖီထုပ် – ၅ကျပ်သား နှင့်မုန်လာဥနီ – ၁ဥ
  • ပဲပြား – ၁တုံး၊ ကြက်သွန်မိတ် – ၅ပင်
  • ကြက်သွန်ဖြူ – ၃မွှာ

43a

  • ခရုဆီ၊ ဆီ၊ ဆား – အနည်းငယ်
  • ငရုတ်ဆီ
  • ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ကြက်ရင်ပုံသားကို သန့်စင်ပြီး ပါးပါးလှီးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပါ။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပါ။ ဂေါ်ဖီထုပ်ကို ရေဆေး၊ ပါးပါးလှီးပြီး ရေစစ်ပါ။ မုန်လာဥနီ၊ ပဲပြားကို ပါးပါးလှီးပြီး ရေစစ်ပါ။

ကြက်သွန်မိတ်ကို အနေတော်ဖြတ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ။ ဒယ်အိုးထဲ ဆီပါလေကာ ထည့်ပြီး ကြက်သွန်ဖြူ ကို ဆီသတ်ပါ။ ကြက်သားကို ထည့်ပါ။ အစာပလာ အားလုံးကို တစ်ခုချင်းစီ ဆက်တိုက်ထည့်ပါ။

ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား အနည်းငယ်ထည့်ပြီး အရသာပြင်ပါ။ အရွက်တွေ ကြော်တဲ့အခါ ဟင်းရည်ထွက်လာလျှင် ဇကာဖြင့် ဆယ်ပြီး စစ်ပါ။ ကော်ပြန့်ရွက်တွေကို ရေစိုအဝတ်ဖြင့် အုပ်ပါ။ ရေအနည်းငယ်ကို ပန်းကန်လေးဖြင့် ထည့်ပါ။

ကော်ပြန့်ရွက်တစ်ရွက်ကိုယူပြီး အစာအနည်းငယ်ကို ထည့်ပြီးလိပ်ပါ။ ပြီးလျှင် အနားသားကို ရေဆွတ်ပြီး ပိတ်ပါ။ နှစ်သက်ရာ အချဉ်ဖြင့် တွဲစားနိုင်ပါပြီ။

Credit: KaeKae’s Food Palace