ရှမ်းခေါက်ဆွဲကို ကိုယ့်စိတ်ကြိုက်အသား ကိုယ်ပိုင်အရသာလေးဖြင့် ပြန်လည်ချက်စားတာ စိတ်ဝင်စားစရာကောင်းပြီး အရသာ ဆွဲဆောင်မှုကောင်းတာကြောင့် မစည် ချက်စားတယ့် နည်းလေးကို အားလုံးပြန်လုပ်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်သားအနှစ်လုပ်ရန်)

  • ဆီ – ၂ ဇွန်း ခွဲ စားပွဲဇွန်း
  • ကြက်သွန်ဖြူ – ၃ တက် (နုတ်နုတ်စင်းထားပါ)
  • ကြက်ကြိတ်သား – ၁၈၀ ဂရမ်
  • ခရမ်းချဉ်သီး – ၃ လုံး (ပြုတ်ထားပါ၊ အခွံတွေ ခွာထားပါ)
  • ပဲငံပြာရည်အကြည် – ၁ ဇွန်း စားပွဲဇွန်း
  • နနွင်းမှုန့် – ၁/၄ ပုံ လက်ဖက်ဇွန်း
  • အရောင်တင်မှုန့် – ၃ ဇွန်း လက်ဖက်ဇွန်း

ပြုလုပ်နည်း

  1. ဒယ်အိုး အကြီးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ မွှေးလာသည် အထိ တည်ပါ ။ ပြီးလျင် ကြက်သားအနှစ်လုပ်ရန် ကျန်ပါဝင်ပစ္စည်း များထည့်ပြီး တည်ပါ ။  မီးအေးအေး ဖြင့် ၈-၁၀ မိနစ်လောက် တည်ပါ ။ မွှေပေးပါ ။ ခရမ်းချဉ်သီး နှင့် ကြက်သားနူးအိ ရေခမ်းလျင်ရပါပြီး။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ ။
  2. သုံးဆောင်ရန် ပုကန်လုံးထဲ ခေါက်ဆွဲ ၊ ကြက်သားအနှစ် ၊ ကြက်သွန်မြိတ် ၊ မြေပဲမှုန့် ၊ နှမ်း နှင့် ငရုတ်သီး ကြော်များ လိုသလောက်ထည့် သုံးဆောင်လို့ ရပါပြီ။ ခေါက်ဆွဲနှင့်အတူ တွဲပြီး ကြက်ပြုတ်ရည်ဟင်းရည် ၊ ဝက်အခေါက် နှင့် ရှမ်းချဉ်များ တို့ဖြင့် အတူတွဲသုံးဆောင်လို့ ရပါသည် ။

အတူတွဲစားရန် ပါဝင်ပစ္စည်းများ

  • ဆန်ခေါက်ဆွဲလုံး – ၅၀ ကျပ်သား
  • မြေပဲလှော် – ခွက်တစ်ဝက် (မညက်တစ်ညက်ထောင်းထားပါ)
  • ကြက်သွန်မြိတ် – ၃ ပင် (ခတ်သေးသေးလေးတွေလှီးထားပါ)
  • နှမ်းလှော် – ၃ ဇွန်း စားပွဲဇွန်း
  • ဝက်အခေါက်ကြော် – ၈ ထုပ် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)
  • ငရုတ်သီးကြော် – လိုသလောက် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)
  • ရှမ်းချဉ် – လိုသလောက် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)Credit: Syilwin Foodsgarden