ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ – ၃၀ ကျပ်သား (ဆူးချွန်လေးနဲ့ထိုးဆွထားပါ)
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
- ငရုတ်သီးခွဲခြမ်း – ၁ ဇွန်း- စားပွဲဇွန်း
- ခနောကြက်သားမှုန့် – ၅ ဇွန်း ခွဲ – လ္ဘက်ဇွန်း (၃ ဇွန်း ခွဲ အသားနယ်နှပ်ရန်)
- နနွင်းမှုန့် – ၁/၄ ဇွန်း လ္ဘက်ဇွန်း
- ဆီ – ၂ ဇွန်း ခွဲ စားပွဲဇွန်း
- ဆား – ၁/၂ ဇွန်း လ္ဘက်ဇွန်း (ကြက်တောင်ပံ နယ်ရန်)
- ငံပြာရည် – ၁ ဇွန်း လ္ဘက်ဇွန်း
- ငရုတ်ကောင်းဖြူစေ့ – ၁/၂ ဇွန်း လ္ဘက်ဇွန်း ( ကွဲရုံ ထောင်းထားပါ)
- ဇီရာစေ့ – ၁/၂ ဇွန်း လ္ဘက်ဇွန်း (မညက်တညက် ထောင်းထားပါ)
- နံနံစေ့ – ၁ ဇွန်း လ္ဘက်ဇွန်း (ကွဲရုံ ထောင်းထားပါ)
- ပတဲကော – လက်တစ်ဆစ်ခွဲ (ပါးပါးလေးတွေ လှီးထားပါ)
ပြုလုပ်နည်း
- ကြက်အတောင်ပံလေးများ ကို ဆူးချွန်လေးနဲ့ ထိုးဆွထားပါ။ ခနောကြက်သားမှုန့် ၃ ဇွန်း ခွဲ ၊ ဆား၊ ငရုတ်ကောင်းဖြူစေ့၊ ဇီရာစေ့၊ နံနံစေ့ ၊ ပတဲကော ဖြင့်နယ်နှပ်ထားပါ။
- ဆီ အပူပေးပါ၊ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ နနွင်းမှုန့် များကို ဆီသတ်ပါ။ ကြက်သွန်များ နွမ်းလာလျှင် ငရုတ်သီးခွဲခြမ်း နှင့် ငံပြာရည် ထည့်ပါ။
- ရွှေရောင်သန်း ပြီး မွှေးလာလျှင် ကြက်တောင်ပံများ ထည့်ပြီးမွှေပါ။ ရေအနည်းငယ် ဖြင့် အဖုံးအုပ်တည်ပါ။
- ၁၂ – ၁၅ မိနစ်လောက်ကြာအောင်တည်ပြီးလျှင် မွှေပေးပါ။ ကျန်ပါဝင်ပစ္စည်းများထည့်ပါ။
- ရေခမ်းပြီး ဆီအနည်းငယ်ပြန်လာလျှင် ဆားမြည်း ပြီး (ခနောကြက်သားမှုန့်) လိုလျှင်ထပ်ထည့် နိုင်ပါတယ်။
Knorr