ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- နနွင်းမှုန့်
- ငြုပ်သီးအကြမ်းမှုန့်
- ငံပြာရည်
- ဂျင်း
- ဆီ
- ဆား
- အချိုမှုန့်
- နံနံပင်
ပြုလုပ်နည်း
- ကြက်သားကို အတုံးသေးသေးတုံးပြီး ဆား အချိုမှုန့် ငံပြာရည် နနွင်းမှုန့် တို့နဲ့နယ်ပါ။
- ဒယ်အိုး ထဲတွင် ဂျင်းအချောင်း လေးတွေနဲ့ ကြက်သွန်ဖြူ၊ ငြုပ်သီးအကြမ်းမှုန့် တို့ထည့် ဆီသပ်ပါ။
- ကြက်သားများ ထည့်ပြီး ရေနည်နည်း နှင့် နူးအောင် တည်ပါ။
- ရေအနည်းငယ် ခန်းသွားတဲ့ အချိန်မှာ ကြက်သွန်နီ ပါးပါးလှီး ထားတာထည့်ပါ။
- နောက်ဆုံး မှတော့ နံနံပင် ပါးပါး လှီးထားတာကို ထည့်ပါ။
Credit: ဒီနေ့ဘာစားကြလဲ