ပါဝင်ပစ္စည်းများ
- ပင်လယ်စာ ၁၀သား (ပါးပါးလှီးပါ)
- ဥနီအတုံးလေးများ ၂ဇွန်းကြီး
- ပြောင်းဖူးအစိလေးများ ၂ဇွန်းကြီး
- ငရုတ်ပွအနီရောင် အတုံးလေးများ ၂ဇွန်းကြီး
- ပဲသီးစိမ်းအလုံးလေးတွေက ၂ ဇွန်းကြီး
- ကြက်ဥ ၁ လုံး
- ထမင်း ဟင်းချိုပန်းကန်လုံး ၁ လုံးစာပေါ့
- ငရုတ်ကောင်း အနည်းငယ်
- အချိုမှုန့် ၂ ဇွန်းသေး
- သကြား ၁ ဇွန်းသေး
- ကြက်သားမှုန့် ၃ ဇွန်းသေး
ပြုလုပ်နည်း
- ကြက်ဥကို အရင် ဆီဖြင့် မွှေကြော်ပါ ။ အသားထည့်ပါ ။ အသီးများ ထည့်ပါ ။ ကျက်ပါက ထမင်း ထည့်ပါ ။
- အဆက်မပြတ် မွှေကြော် ပေးပါနော် ။ ငရုတ်ကောင်း မထည့်ခင်မှာ အရသာ အရင်ထည့်ပါ။ ပြီးမှ ငရုပ်ကောင်းမှုန့်ထည့်ကြော်ပါ။
နောက်တစ်နည်း ( မြန်မာပြည်က တရုတ်ကြီး ကတော့ အဲ့ဒီလိုမကြော်ပါ။)
1. ခရုဆီ ၁ ဇွန်းကြီး
2. ပဲငံပြာရည်အပျစ် ၁ ဇွန်းသေးထည့်လျှင် color လှပါတယ်။
Credit: သံယောဇဉ်