နေ့လည် Coffee & Tea Time အတွက် Special မုန့်ရေပါး ။ Pizza လုပ်သလိုလေး ထွင်လုပ်ကြည့်တာ။
ပါဝင်ပစ္စည်းများ
မွှေးတံဆိပ် ဆန်စိမ်းမှုန့် – ၁ ထုပ်
မွှေးတံဆိပ် ကော်မှုန့် – ၃ ဇွန်း (ထမင်းစားဇွန်း)
စားဆိုဒါ – အနည်းငယ်
ဆား – အနည်းငယ်
ရေ – ၁ လီတာ
ပဲပင်ပေါက်
ခရမ်းချဉ်သီး – ပါးပါးလှီး
ငရုတ်သီး – ပါးပါးလှီး
နံနံပင် – ပါးပါးလှီး
ကြက်သွန်မြိတ် – ပါးပါးလှီး
မဆလာ
ကြက်ဥ – ၂ လုံး
ပြုလုပ်နည်း
မွှေးတံဆိပ်ဆန်စိမ်းမှုန့် ၊ မွှေးတံဆိပ်ကော်မှုန့်၊ စားဆိုဒါ အနည်းငယ်၊ ဆား အနည်းငယ် တို့ကို ရေ ၁ လီတာ နဲ့ ဖျော်ပြီး အချိန် ၂ နာရီ လောက်နှပ်ထားပါ။
ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးပြီး မဆလာ အဆင်သင့် ပြင်ထားပါ။
ဆီ၂၀ သားလောက် ဆီကျက် တည်ထားပါ။ ကြက်ဥ ၂ လုံး ခလောက်ထားပါ။
မကပ်တဲ့ အိုးလေး ထဲမှာ ချက်ထားတဲ့ ဆီကျက်လေး အနည်းငယ် ထည့်ပြီး ဇွန်းကြီး ၁ ဇွန်းနဲ့ မုန့်ရည်ကို ခပ်ပြီး အိုးကို လှည့်ပေးပါ။
မုန့်ချပ်ဝိုင်း ပုံစံရအောင် မီးအေးအေးနဲ့ တည်ပါ။ ပြီးလျှင် ကြက်ဥရည်လေး ထည့်ပြီး ဇွန်းလေးနဲ့ ညှိပေးပါ။
အဆာပလာ ထည့်အဖုံးလေး အုပ်တည်ပေးပါ။ ဆီလိုရင် ဘေးကနေ အစက်ချပေးပါ။
မုန့်လေးကို ဇွန်းပြားလေးနဲ့ လှန်ကြည့်ပြီး မုန့်အောက်က ကျက်ရင်ရပါပြီ။
** ကျမ ဒီနေ့ထွင်တာက မုန့်ရည်ထည့် Cheddar Cheese ထည့်ပြီး အပေါ်ကနေ အဆာပလာထည့် ကောက်ရိုးမှို ပါးပါးလှီးထည့်ပြီး မုန့်ကို လုပ်ပါတယ်။ အစာအိခါနီးမှာ မုန့်အလယ်ခေါင်မှာ ကြက်ဥ ၁ လုံးထည့် အိုးအဖုံးလေး ခဏ အုပ်တည် လိုက်တာပါ ။ Pizza ဆန်ဆန်ပေါ့ရှင်။ Coffee & Tea နဲ့ လိုက်ပါတယ်။
Credit: Pearl Ko