လွယ်ကူလျင်မြန် ထမင်းမြိန်စေသော ဟင်းတစ်ခွက်ကို အာရုံများစရာမလိုပဲ Thai Spicy Salad Dressing ဖြင့် ချက်လို့ရတဲ့ နည်းကို ဖော်ပြလိုက်ပါတယ် ။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား – ၄ ခြမ်း (အရေခွံခွာပြီး အတုံးလေးတွေ တုံးထားပါ)
- Thai Spicy Salad Dressing – စားပွဲဇွန်း ၄ ဇွန်း ခွဲ
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
- ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- အိုးထဲကို နံနံပင်ကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် ကြက်သားတုံးများရေမြုပ်အောင်ထည့်ပါ။ ရေအနည်း ငယ်ခန်းပြီး အသားနူးလျှင် ဆားမြည်းပါ။ မီးပိတ်ပါ နံနံပင်ဖြူးပြီး ထမင်းပူပူဖြင့် အသင့်သုံးဆောင်လို့ရပါပြီ။