ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သောဂဏန်းကြီးကြီး – (၃) ကောင်
  • ကြက်သွန်မြိတ် – (၁) (လက်ဖက်ရည် ပန်းကန်လုံး၁လက်မအရွယ် လှီးထားရန်)
  • ငရုတ်တောင့်နီ – ၂ တောင့် ( အလှဆင်ရန်)
  • ငါးငံပြာရည် – (၂) ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ပာင်းခတ်မှုန့် – အနည်းငယ်
  • သကြား – အနည်းငယ်
  • မန်ကျည်းသီးမှည့်အနှစ် – ၁ဇွန်း(ထမင်းစားဇွန်း)

အရော(၁)

  • အဝါရောင်ပာင်းချက်မဆလာ(ထိုင်း) – (၁) ဇွန်း
  • ကြက်သွန်ဖြူ – (၁) ဇွန်း
  • ကြက်သွန်နီ – (၂) လုံး
  • ပဒဲကော –  သေးသေးတစ်ခု
  • စပါးလင် – ( ၂) ခု ( အဖြူရောင်အပိုင်းသာ)
  • နနွင်းမှုန့် – (၁) ဇွန်း
  • ငရုတ်သီးပွခြောက်တောင့် – (၅) တောင့်
  • အုန်းနို့ – (၁) လက်ဖက်ရည်ပန်းကန်လုံး

ပြင်ဆင်ပြုလုပ်နည်း

1. ဒီနည်းကတော့ ပထမဆုံးပုံစံမှာ ပြထားတဲ့အရော(၁) ကို ညှက်နေအောင် ထောင်းပါ ။

2. ဂဏန်းတွေကို  သန့်စင်ပြီး (၄) စိတ် ၊ (သို့) (၂) စိတ် ခြမ်းပါ ။  လက်မတွေကိုလည်း ဓါးပြားဖြင့် ခပ်ဖွဖွရိုက်ပါ ။

3. ပူနေတဲ့ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်နှင့် အုန်းနို့ကို ရေခမ်းပြီး အုန်းဆီနံ့ မွှေးသည်ထိ ဆီသတ်ပါ ။

4. ညှက်နေအောင် ထောင်းထားသော အရော(၁)ကို ထပ်ပေါင်းဆီသတ်ပါ ။ ပြီးတော့မှ ဂဏန်းများထည့်ပေါင်းပြီး အဆက်မပြတ် မွှေချက်ပေးပါ ။

5. ငါးငံပြာရည် ၊ သကြား ၊ ပာင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ ။ ရေအနည်းငယ် ဖြည့်ပြီး အဖုံးအုပ်ချက်ပေးပါ ။ ကြက်သွန်မြိတ် ၊ ငရုတ်စိမ်းတောင့်နီတို့ ရောထည့်ပြီးလျှင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။

Credit: ဟင်းချက်နည်းများ