အားလုံးပဲ မင်္ဂလာပါ။ ကြက်သား အာလူးဟင်း ချက်စားရတာ ငြီးငွေ့နေသူများအတွက် ဒီတစ်ခါမှာတော့ ကြက်သား အာလူးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံ ၂ တုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဖွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • သံပုယိုသီး (သို့) သံပုရာသီး ၁ လုံး (အရည်ညှစ်ထားပါ)

  • အာလူး ၂ ပေါင်ခန့် (အတုံး ခပ်ကြီးကြီး တုံးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နံနံပင်နှင့် ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးထဲသို့ ရေထည့်ပြီးနောက် ဆားထည့်ကာ အာလူးများကို ပြုတ်လိုက်ပါ။ ကြက်သားတုံးကို ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် နယ်ပြီးနောက် Oven ထဲတွင် (သို့) အကင်မီးဖိုပေါ်တွင် ကြက်သားများ ကျက်လာသည်အထိ ကင်လိုက်ပါ။

အာလူးများ နူးအိသွားပါက ရေထဲမှ ဆယ်လိုက်ပါ။ ကြက်သားများ ကျက်သွားပါက Oven ထဲက ထုတ်လိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် သံလွင်ဆီ၊ သကြား၊ ကြက်သွန်ဖြူ၊ သံပုယိုရည်၊ နံနံပင်၊ ငရုတ်သီး၊ ဆားနှင့် ငရုတ်သီးတို့ထည့်ပြီး သမအောင် မွှေလိုက်ပါ။

၃။ ကြက်သားကို အတုံးခပ်သေးသေး လှီးဖြတ်ပြီးနောက် ပန်းကန်လုံးတစ်လုံးထဲတွင် အားလုံးများနှင့် ရောထည့်လိုက်ပါ။ ထို့နောက် စောစောက မွှေထားသော အချဉ်ရည်များကို ကြက်သား အာလူးပေါ် ဆမ်းပေးလိုက်ပါ။

၄။ ထို့နောက် သမအောင် နယ်ပြီးနောက် အရသာ အပေါ့အငန် မြည်းကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား အာလူးသုပ် ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: thewoksoflife.com