ပါဝင်ပစ္စည်းများ
- ကြက်သား အသားသီးသန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်စိမ်းမှုန့်
- စိမ်းစားငါးပိ
- နနွင်း အနည်းငယ်
- ယိုးဒယား ဟင်းချက် အမွှေးမှုန့်
- ငရုတ်သီး ၂တောင့်
- ဆီ
- ဆား
- သကြား
- ရုံးပတီသီး
- နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သား အသားချည်းကို ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ငရုတ်စိမ်းမှုန့် ၊ စိမ်းစားငါးပိနဲ့ နနွင်းနည်းနည်း၊ ယိုးဒယားဟင်းချက်အမွှေးမှုန့်၊ ငရုတ်သီး ၂တောင့်၊ ရေနည်းနည်း နဲ့လုံးနယ်ပြီး နှပ်ထားလိုက်တယ် ။ ဆီပူပေးပြီး အဲဒါအကုန်ထည့် ဆားနဲ့ သကြားနည်းနည်းထည့်ပါ။
- ကြက်သားကျက်လောက်တဲ့အချိန်မှ ရုံးပတီသီးတွေထည့် ကျက်တဲ့အထိမွှေ၍၊ ခလုပ်ပိတ်ပြီး နံနံပင်ဖြူးလိုက်ရင် ရပါပြီ။ တကယ်စားလို့ကောင်းပါတယ်။
Credit: အေးမြမြခိုင်