(Unicode)
ကြက်သား၊ ဝက်သား၊ အမဲသား အဆင်ပြေရာဖြင့် ချက်လို့ ရပါတယ်။ ကိုရီးယား အစားအစာတွေထဲမှာ နာမည်ကြီးတစ်ခုဖြစ်သည့် ကိုရီးယားစတိုင် Curry Rice ချက်နည်းလေး ပြောပြမယ်။ အောက်ပါ အချိုးအစားက တစ်ပွဲစာ အတွက်ဖြစ်ပါတယ်။ များများချက်ချင်ရင် အချိုးအစားကို တိုးသွားရန် လိုပါတယ်။
ကိုရီးယား ကာရီ ထမင်းသည် အရသာ တစ်မျိုးထူးခြား၍ စားကောင်းလှပါသည်။ ပုံတွင်ပြထားသော Curry Powder အထုပ်လေးသာ ဝယ်ရန်လိုပါသည်။ ကိုရီးယား အစားအစာ ရောင်းသည့်ဆိုင်၊ PROMART၊ စီးတီးမက် အစရှိသည် တို့တွင် ဝယ်ယူ၍ ရရှိနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကိုရီးယား Curry Powder – ၆ဇွန်း (စားပွဲတင်ဇွန်း)
- ကြက်ရင်ပုံသား – တစ်ခု(၁၂၀ ဂရမ်) (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
- ကြက်သွန်နီ – ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
- အာလူး – ၁ လုံး (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
- မုန်လာဥနီ – လက်လေးလုံးခန့် (လေးထောင့်ပုံ ခပ်သေးသေးလှီးထားပါ)
- ပဲစိမ်းလုံး – ၃ဇွန်း(စားပွဲတင်ဇွန်း)
- ပန်းဂေါ်ဘီစိမ်း – (အနည်းငယ်)
- ဆား+ငရုပ်ကောင်းမှုန့် – (အနည်းငယ်)
ပြင်ဆင်ပြုလုပ်နည်း
- ပထမဆုံး ပါဝင်ပစ္စည်းများ ဖြစ်ကြသော (ကြက်ရင်ပုံသား +ကြက်သွန်နီ +အာလူး+မုန်လာဥနီ)တို့ အားလုံးကို လေးထောင့်ပုံ ခပ်သေးသေး အရွယ်အသင့် လှီးထားပါ ။
- ဒယ်အိုးတစ်ခုထဲသို့ ဆီ အနည်းငယ်မျှ ထည့်၍ ကြက်သားတုံးများ ထည့်ကြော်ပါ ။ ပြီးနောက် အာလူး ၊ မုန်လာဥနီ ၊ ကြက်သွန်နီ ထည့်ပါ ။
- ဆား နှင့် ငရုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး အနံ့မွှေးလာသည် အထိ မွှေပေးပါ ။
- ပဲစိမ်းလုံးလေးများ ၊ ပန်းဂေါ်ဘီစိမ်း အနည်းငယ် ထည့်ကာ ၅ မိနစ်ခန့် ထပ်တည် ထားကာ အရည် အနည်းငယ် ပျစ်လာပါက ထမင်းဖြူ ပေါ်သို့ လောင်းပြီး အသင့် စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု
(Zawgyi)
ၾကက္သား၊ ဝက္သား၊ အမဲသား အဆင္ေျပရာျဖင့္ ခ်က္လို႔ ရပါတယ္။ ကိုရီးယား အစားအစာေတြထဲမွာ နာမည္ႀကီးတစ္ခုျဖစ္သည့္ ကိုရီးယားစတိုင္ Curry Rice ခ်က္နည္းေလး ေျပာျပမယ္။ ေအာက္ပါ အခ်ိဳးအစားက တစ္ပြဲစာ အတြက္ျဖစ္ပါတယ္။ မ်ားမ်ားခ်က္ခ်င္ရင္ အခ်ိဳးအစားကို တိုးသြားရန္ လိုပါတယ္။
ကိုရီးယား ကာရီ ထမင္းသည္ အရသာ တစ္မ်ိဳးထူးျခား၍ စားေကာင္းလွပါသည္။ ပံုတြင္ျပထားေသာ Curry Powder အထုပ္ေလးသာ ဝယ္ရန္လိုပါသည္။ ကိုရီးယား အစားအစာ ေရာင္းသည့္ဆိုင္၊ PROMART၊ စီးတီးမက္ အစ႐ွိသည္ တို႔တြင္ ဝယ္ယူ၍ ရရွိႏိုင္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ကိုရီးယား Curry Powder – ၆ဇြန္း (စားပြဲတင္ဇြန္း)
- ၾကက္ရင္ပံုသား – တစ္ခု(၁၂၀ ဂရမ္) (ေလးေထာင့္ပံု ခပ္ေသးေသးလွီးထားပါ)
- ၾကက္သြန္နီ – ၁ လံုး (ေလးေထာင့္ပံု ခပ္ေသးေသးလွီးထားပါ)
- အာလူး – ၁ လံုး (ေလးေထာင့္ပံု ခပ္ေသးေသးလွီးထားပါ)
- မုန္လာဥနီ – လက္ေလးလံုးခန္႔ (ေလးေထာင့္ပံု ခပ္ေသးေသးလွီးထားပါ)
- ပဲစိမ္းလံုး – ၃ဇြန္း(စားပြဲတင္ဇြန္း)
- ပန္းေဂၚဘီစိမ္း – (အနည္းငယ္)
- ဆား+င႐ုပ္ေကာင္းမႈန္႔ – (အနည္းငယ္)
ျပင္ဆင္ျပဳလုပ္နည္း
- ပထမဆံုး ပါဝင္ပစၥည္းမ်ား ျဖစ္ၾကေသာ (ၾကက္ရင္ပံုသား +ၾကက္သြန္နီ +အာလူး+မုန္လာဥနီ)တို႔ အားလံုးကို ေလးေထာင့္ပံု ခပ္ေသးေသး အရြယ္အသင့္ လွီးထားပါ ။
- ဒယ္အိုးတစ္ခုထဲသို႔ ဆီ အနည္းငယ္မ်ွ ထည့္၍ ၾကက္သားတံုးမ်ား ထည့္ေၾကာ္ပါ ။ ၿပီးေနာက္ အာလူး ၊ မုန္လာဥနီ ၊ ၾကက္သြန္နီ ထည့္ပါ ။
- ဆား ႏွင့္ င႐ုပ္ေကာင္းမႈန္႔ အနည္းငယ္ ထည့္ၿပီး အနံ႔ေမႊးလာသည္ အထိ ေမႊေပးပါ ။
- ပဲစိမ္းလံုးေလးမ်ား ၊ ပန္းေဂၚဘီစိမ္း အနည္းငယ္ ထည့္ကာ ၅ မိနစ္ခန္႔ ထပ္တည္ ထားကာ အရည္ အနည္းငယ္ ပ်စ္လာပါက ထမင္းျဖဴ ေပၚသို႔ ေလာင္းၿပီး အသင့္ စားသံုးႏိုင္ပါသည္ ။
Credit: ဇြဲသုသု