ဒီနေ့တော့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ မင်းသား မင်းသမီးတွေ မြိန်ရေရှက်ရေ စားကြတဲ့ Ddeok Bok Ki (ကိုရီးယား Rice Cake) လေးဘယ်လိုချက်လဲဆိုတာ ပြောပြပါ့မယ်
ပါဝင်ပစ္စည်းများ
- Rice Cake – 300 g
- ကိုရီးယားငရုပ်သီးအနှစ် (Korean Chili Paste) – 4 Tablespoons
- Korean Hot Pepper – 1 Tablespoon
- ငါးအသားပြား (Fish Cake) – 5
- သကြား (Sugar) – 1 Tablespoon
- ငါးနီတူ (Anchovies) – 10 Pcs
- ရေ (Water)
- ကြက်သွန်ဖြူ (Garlic)
- ငံပြာရည် (Soya Sauce)
- မုန်လာဥနီ
- ဂေါ်ဘီ
- ကြက်သွန်မြိတ်
- ကြက်ဥ
- ခေါက်ဆွဲခြောက်
ပြုလုပ်ပုံ
- ပထမဦးစွာ Anchovies (ငါးနီတူ) ငါးခြောက်အကြီးဆယ်ကောင်လောက်ကို ရေထည့်ပြီးပြုပ်ပါ ။ ရေအရောင်ပြောင်းပြီး ငါးများနူးလာလျှင် ဆယ်ထုတ်လိုက်ပါ ။ ငါးခြောက်အရည်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ် ။
- ထို့နောက် ငါးခြောက်အရည် 700 ml (မီလီလီတာပါသော ချိန်ခွက်ဖြင့် ချိန်လို့ရပါတယ်) မရှိလျှင် လက်တစ်ဆစ်ကျော်လောက် မှန်းထည့်လို့ရပါတယ် ။ ငါးခြောက်ရည်ထဲသို့ အထက်မှာဖော်ပြထားသော အချိုးအတိုင်း ကိုရီးယားငရုပ်သီးအနှစ် ၊ ငရုပ်သီးမှုန့် ၊ သကြား ၊ ကြက်သွန်ဖြူ ၊ ငံပြာရည်(Soyar Sauce Light) တို့ကို ထည့်၍ မီးအေးအေးထားပြီး မွှေပေးပါ ။
- ထို့နောက် Rice Cake ကိုထည့်ပါ ။ Rice Cake များနူးလာလျှင် Fish Cake (ငါးအသားပြား) ပုံတွင်ကြည့်နိင်ပါသည် ။ အရှည်လိုက် အစောင်းလေးတွေ လှီးပြီး ထည့်ပါ ။ ထို့နောက် မုန်လာဥနီ ၊ ဂါ်ဘီ ၊ ကြက်သွန် ၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာ အရွက်များ ထည့်၍ စားသုံးနိုင်ပါသည် ။
မှတ်ချက်။ ။ ကိုရီးယားများသည် တော့ပူကီထဲသို့ ခေါက်ဆွဲခြောက်ကို ရေနွေးဖျော၍ ထည့်စားပါသည် ။ Sausage (ဝက်အူချောင်း) များကို ပါးပါးလှီး၍ ထည့်စားပါသည် ။ Seafood ၊ ဝက်သား ကြိုက်နှစ်သက်ရာ အသားများထည့်၍လည်း စားသုံးနိုင်ပါသည် ။
Credit: Z.TT