(Zawgyi)

လင္းႏို႔ဟင္း

လင္းႏို႔ထည့္ခ်က္တဲ့ဟင္းလ်ာေတြကို အာရွမွာေတြ႔ရမွာျဖစ္ပါတယ္။ စာဖိုးမွဴးေတြက ဟင္းခ်ိဳထဲကို လင္းႏို႔အေကာင္လိုက္ ထည့္ခ်က္ၾကေလ့ရွိပါတယ္။ လင္းႏို႔ရဲ႕ အသားက အရမ္းအရသာရွိတယ္ဆိုပဲ။ ဒါေပမယ့္ လင္းႏို႔မွာ ေရာဂါေတြအမ်ားႀကီးပါလာတတ္တာေၾကာင့္ သတိထားသင့္တဲ့ဟင္းလ်ာမ်ိဳးပါ။

Ackee အသီး

ဂ်မီကာႏုိင္ငံရဲ႕ အထိမ္းအမွတ္ အသီးျဖစ္ပါတယ္။ အရမ္း အဆိပ္ျပင္းပါတယ္။ Hypoglycin A နဲ႔ Hypoglycin B အဆိပ္တို႔ပါ၀င္ေနပါတယ္။ အသီးက စားလို႔ရေပမယ့္ အေစ့က အရမ္းအဆိပ္ျပင္းပါတယ္။ အသီးစားလို႔အခန္႔မသင့္ရင္ေတာင္ ေအာ့အန္တာမ်ိဳးျဖစ္တတ္ပါတယ္။

ေသြး ဟင္းခ်ိဳ

ၾကက္သို႔မဟုတ္ ဘဲရဲ႕ ေသြးကိုထည့္ၿပီး ခ်က္တဲ့ဟင္းခ်ိဳေတြက ဗီယက္နမ္နိုင္ငံမွာ စားသံုးမႈမ်ားၾကပါတယ္။

အဲ့လို ေသြးနဲ႔ခ်က္ျပဳတ္ထားတဲ့ဟင္းလ်ာေတြစားသံုးရင္ အားအင္ရွိမယ္လို႔ ယံုၾကည္ၾကပါတယ္။

ဒါေပမယ့္ ၾကက္ငွက္တုပ္ေကြးနဲ႔ တျခား ေရာဂါေတြ ပါလာတတ္ပါတယ္။

ငါးပူတင္း

ငါးပူတင္းရဲ႕ အသားက စားေကာင္းသေလာက္၊ အဆိပ္ေတြအမ်ားႀကီးပါ၀င္ေနပါတယ္။ ဂ်ပန္ႏိုင္ငံက နာမည္ႀကီး ဟင္းလ်ာတစ္မ်ိဳးျဖစ္ပါတယ္။ ငါးပူတင္းကိုခ်က္ျပဳတ္ရမယ့္ စားဖိုမွဴးက အထူးသင္တန္းတက္ဖို႔ လိုအပ္ၿပီး ငါးပူတင္းခ်က္ျပဳတ္ခြင့္လက္မွတ္ရသူေတြဘဲ ခ်က္ျပဳတ္လို႔ရပါတယ္။ အဓိကကေတာ့ ငါးပူတင္းရဲ႕ အဆိပ္ရွိတဲ့ေနရာေတြကို ဘယ္လို ဖယ္ၿပီး၊ အဆိပ္ကင္းၿပီး စားလို႔ေကာင္းေအာင္ ခ်က္ျပဳတ္တတ္ေအာင္ သင္ၾကားေပးတဲ့သင္တန္းမ်ိဳးျဖစ္ပါတယ္။

(Unicode)

လင်းနို့ဟင်း

လင်းနို့ထည့်ချက်တဲ့ဟင်းလျာတွေကို အာရှမှာတွေ့ရမှာဖြစ်ပါတယ်။ စာဖိုးမှူးတွေက ဟင်းချိုထဲကို လင်းနို့အကောင်လိုက် ထည့်ချက်ကြလေ့ရှိပါတယ်။ လင်းနို့ရဲ့ အသားက အရမ်းအရသာရှိတယ်ဆိုပဲ။ ဒါပေမယ့် လင်းနို့မှာ ရောဂါတွေအများကြီးပါလာတတ်တာကြောင့် သတိထားသင့်တဲ့ဟင်းလျာမျိုးပါ။

Ackee အသီး

ဂျမီကာနိုင်ငံရဲ့ အထိမ်းအမှတ် အသီးဖြစ်ပါတယ်။ အရမ်း အဆိပ်ပြင်းပါတယ်။ Hypoglycin A နဲ့ Hypoglycin B အဆိပ်တို့ပါဝင်နေပါတယ်။ အသီးက စားလို့ရပေမယ့် အစေ့က အရမ်းအဆိပ်ပြင်းပါတယ်။ အသီးစားလို့အခန့်မသင့်ရင်တောင် အော့အန်တာမျိုးဖြစ်တတ်ပါတယ်။

သွေး ဟင်းချို

ကြက်သို့မဟုတ် ဘဲရဲ့ သွေးကိုထည့်ပြီး ချက်တဲ့ဟင်းချိုတွေက ဗီယက်နမ်နိုင်ငံမှာ စားသုံးမှုများကြပါတယ်။

အဲ့လို သွေးနဲ့ချက်ပြုတ်ထားတဲ့ဟင်းလျာတွေစားသုံးရင် အားအင်ရှိမယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် ကြက်ငှက်တုပ်ကွေးနဲ့ တခြား ရောဂါတွေ ပါလာတတ်ပါတယ်။

ငါးပူတင်း

ငါးပူတင်းရဲ့ အသားက စားကောင်းသလောက်၊ အဆိပ်တွေအများကြီးပါဝင်နေပါတယ်။ ဂျပန်နိုင်ငံက နာမည်ကြီး ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ငါးပူတင်းကိုချက်ပြုတ်ရမယ့် စားဖိုမှူးက အထူးသင်တန်းတက်ဖို့ လိုအပ်ပြီး ငါးပူတင်းချက်ပြုတ်ခွင့်လက်မှတ်ရသူတွေဘဲ ချက်ပြုတ်လို့ရပါတယ်။ အဓိကကတော့ ငါးပူတင်းရဲ့ အဆိပ်ရှိတဲ့နေရာတွေကို ဘယ်လို ဖယ်ပြီး၊ အဆိပ်ကင်းပြီး စားလို့ကောင်းအောင် ချက်ပြုတ်တတ်အောင် သင်ကြားပေးတဲ့သင်တန်းမျိုးဖြစ်ပါတယ်။