ကဲ အခုက ပျော်ပွဲရွှင်ပွဲအချိန်လည်း ဖြစ်လို့ အပြင်မှာ သူငယ်ချင်းတွေနဲ့ သွားလည်တဲ့အခါမှာ ချက်သွားတာဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အိမ်မှာပဲ အိမ်တွင်းပုန်းပြီး ချက်စားလိုသူများလည်း အခက်အခဲမရှိ စားသုံးနိုင်ပါတယ်။ အရသာအလွန်ရှိပြီး ခံတွင်းမြိန်လို့ ချက်ကြည့်လိုက်ကြပါအုံးနော်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား – ၄ ခု
- ဆား – (အနည်းငယ်)
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၄ မွှာ
- ဂျင်း – (လက်တစ်ဆစ်ခန့်)
- စပါးလင် – ၁ ချောင်း
- ဇီယာစေ့ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
- စမုန်စပါးစေ့ – ဇွန်းဝက်(စားပွဲတင်ဇွန်း)
- နံနံပင်အမြစ် – ၂ ခု
- သကြား – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ပျားရည် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
- အုန်းနို့ခရင် – ၅ ဇွန်း(စားပွဲတင်ဇွန်း)
- သံပုရာရည် – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ငါးငံပြာရည် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ပဲငံပြာရည်အကြည် – ၂ ဇွန်း(စားပွဲတင်ဇွန်း)…တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်း
- ပထမဆုံး ကြက်ရင်ပုံ သားများကို ခပ်ပါးပါး အရှည် အမြှောင်း လိုက်လှီးပါ။ ဆားအနည်းငယ်မျှ ထည့်ပြီး နယ်ထားပါ။
- ပါဝင်ပစ္စည်းများဖြစ်ကြသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ဇီယာစေ့၊ စမုန် စပါးစေ့၊ နံနံပင်အမြစ် တို့ကို ကြိတ်စက်ထဲ ထည့်ပြီး ရောကြိတ်ပြီး ကြက်သားနှင့် နယ်ပါ။
- အခြား ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် သကြား၊ ပျားရည်၊ အုန်းနို့ခရင်၊ သံပုရာရည်၊ ငါးငံပြာရည်၊ပဲငံပြာရည်အကြည် တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်ပြီး ကြက်သားနှင့် ရောနယ်ကာ ရေခဲသေတ္တာ ထဲသို့ထည့်ပြီး ၁နာရီခန့်နှပ်ထားပါ။
- ထို့နောက် ကြက်သားများကို ထုတ်ပြီး ဝါးတံဖြင့် ထိုး၍ မီးသွေး မီးဖြင့် ဖြေးညှင်းစွာ ကင်ကာ အသင့် စားသုံးနိုင်ပါသည်။
- ကြက်စာတေးကို များသောအားဖြင့် မြေပဲဆော့ (Peanut Sauce) နှင့် အတူ စားသုံး ကြပါသည်။
Peanut Sauce ပါဝင်ပစ္စည်းများ
- Peanut Butter – ၆ ဇွန်း(စားပွဲတင်ဇွန်း)
- ဆီ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
- ကြက်သွန်နီ – ၁ လုံး
- ဂျင်း – (အနည်းငယ်မျှသာ)
- ကြက်သွန်ဖြူ – ၄ မွှာ
- ပဲငံပြာရည်အကြည် – ၁ ဇွန်း(စားပွဲတင်ဇွန်း)
- အုန်းနို့ခရင် – ၄ ဇွန်း(စားပွဲတင်ဇွန်း)
- သံပုရာရည် – ၁ ဇွန်း(စားပွဲတင်ဇွန်း)
- ဆား (အနည်းငယ်)
- ပျားရည် – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ပြုလုပ်နည်း
1. ပထမဆုံး ဒယိအိုးထဲသို့ဆီထည့်ပါ။
2. ကြက်သွန်နီ၊ အဖြူ ၊ ဂျင်းတို့ကို ထောင်းပြီး ဆီသတ်ပါ။
3. အနံ့မွှေးလာပါက ပါဝင်ပစ္စည်းများ အားလုံးကို အချိုးအစား အတိုင်း ထည့်ပြီး မွှေပေးပါ။
4. ခပ်ပျစ်ပျစ်လေး ဖြစ်လာပါက မီးပိတ်ပြီးချပါ။ မြေပဲဆော့ ရပါပြီ ကြက်သားကင်ဖြင့်တို့ပြီးစားသုံးနိုင်ပါသည်။
Credit: ဇွဲသုသု