ကဲ အခုက ပျော်ပွဲရွှင်ပွဲအချိန်လည်း ဖြစ်လို့ အပြင်မှာ သူငယ်ချင်းတွေနဲ့ သွားလည်တဲ့အခါမှာ ချက်သွားတာဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အိမ်မှာပဲ အိမ်တွင်းပုန်းပြီး ချက်စားလိုသူများလည်း အခက်အခဲမရှိ စားသုံးနိုင်ပါတယ်။ အရသာအလွန်ရှိပြီး ခံတွင်းမြိန်လို့ ချက်ကြည့်လိုက်ကြပါအုံးနော်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား – ၄ ခု
  • ဆား – (အနည်းငယ်)
  • ကြက်သွန်နီ – ၁ လုံး
  • ကြက်သွန်ဖြူ – ၄ မွှာ
  • ဂျင်း – (လက်တစ်ဆစ်ခန့်)
  • စပါးလင် – ၁ ချောင်း
  • ဇီယာစေ့ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • စမုန်စပါးစေ့ – ဇွန်းဝက်(စားပွဲတင်ဇွန်း)
  • နံနံပင်အမြစ် – ၂ ခု
  • သကြား – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ပျားရည် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • အုန်းနို့ခရင် – ၅ ဇွန်း(စားပွဲတင်ဇွန်း)
  • သံပုရာရည် – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ငါးငံပြာရည် – ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • ပဲငံပြာရည်အကြည် – ၂ ဇွန်း(စားပွဲတင်ဇွန်း)…တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

  1. ပထမဆုံး ကြက်ရင်ပုံ သားများကို ခပ်ပါးပါး အရှည် အမြှောင်း လိုက်လှီးပါ။ ဆားအနည်းငယ်မျှ ထည့်ပြီး နယ်ထားပါ။
  2. ပါဝင်ပစ္စည်းများဖြစ်ကြသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ဇီယာစေ့၊ စမုန် စပါးစေ့၊ နံနံပင်အမြစ် တို့ကို ကြိတ်စက်ထဲ ထည့်ပြီး ရောကြိတ်ပြီး ကြက်သားနှင့် နယ်ပါ။
  3. အခြား ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် သကြား၊ ပျားရည်၊ အုန်းနို့ခရင်၊ သံပုရာရည်၊ ငါးငံပြာရည်၊ပဲငံပြာရည်အကြည် တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်ပြီး ကြက်သားနှင့် ရောနယ်ကာ ရေခဲသေတ္တာ ထဲသို့ထည့်ပြီး ၁နာရီခန့်နှပ်ထားပါ။
  4. ထို့နောက် ကြက်သားများကို ထုတ်ပြီး ဝါးတံဖြင့် ထိုး၍ မီးသွေး မီးဖြင့် ဖြေးညှင်းစွာ ကင်ကာ အသင့် စားသုံးနိုင်ပါသည်။
  5. ကြက်စာတေးကို များသောအားဖြင့် မြေပဲဆော့ (Peanut Sauce) နှင့် အတူ စားသုံး ကြပါသည်။

Peanut Sauce ပါဝင်ပစ္စည်းများ

  • Peanut Butter – ၆ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆီ – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ – ၁ လုံး
  • ဂျင်း – (အနည်းငယ်မျှသာ)
  • ကြက်သွန်ဖြူ – ၄ မွှာ
  • ပဲငံပြာရည်အကြည် – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • အုန်းနို့ခရင် – ၄ ဇွန်း(စားပွဲတင်ဇွန်း)
  • သံပုရာရည် – ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆား (အနည်းငယ်)
  • ပျားရည် – ၂ ဇွန်း(စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

1. ပထမဆုံး ဒယိအိုးထဲသို့ဆီထည့်ပါ။
2. ကြက်သွန်နီ၊ အဖြူ ၊ ဂျင်းတို့ကို ထောင်းပြီး ဆီသတ်ပါ။
3. အနံ့မွှေးလာပါက ပါဝင်ပစ္စည်းများ အားလုံးကို အချိုးအစား အတိုင်း ထည့်ပြီး မွှေပေးပါ။
4. ခပ်ပျစ်ပျစ်လေး ဖြစ်လာပါက မီးပိတ်ပြီးချပါ။ မြေပဲဆော့ ရပါပြီ ကြက်သားကင်ဖြင့်တို့ပြီးစားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု